စစ်ရာဇဝတ်ကောင်ရဲသမီးကို ကျပ် ဘီလျံချီ ထုတ်ချေးတဲ့ ရိုးမ ဘဏ်ကို အရေးယူဖို့ တောင်းဆို



(၂၁/၄/၂၀၂၁)

စစ်ရာဇဝတ်ကောင်နဲ့ အာဏာသိမ်းခေါင်းဆောင် မအလ ရဲ့ သမီး ခင်သီရိသက်မွန် ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေထဲက တခုကို ရိုးမဘဏ်က ကျပ် (၂) ဘီလျံနီးပါးထုတ်ချေးခဲ့တယ်လို့ Justice For Myanmar က သတင်းထုတ်ပြန်ထားပါတယ်။

ခင်သီရိသက်မွန်ပိုင်တာတွေထဲက တခုဖြစ်တဲ့ Pinnacle Asia ကုမ္ပဏီကို Mytel မိုဘိုင်းဖုန်းတာဝါတိုင်တွေတည်ဆောက်ရေးအတွက်ဆိုပြီး ငွေထုတ်ချေးခဲ့တာပါ။ အ​မေရိကန်က စီးပွါးရေးပိတ်ဆို့တဲ့ မတ်လထဲမှာ မအလရဲ့သမီးဟာ ကုမ္ပဏီပိုင်ရှင်အမည်ကို တခြားတစ်ယောက်အမည်နဲ့ပြောင်းထားတယ်ဆိုပါတယ်။

စစ်ရာဇဝတ်ကောင်ရဲ့ သားသမီးကို ငွေထုတ်ချေးတဲ့ ရိုးမဘဏ်ကို ရူတ်ချကြောင်းနဲ့ ရိုးမဘဏ်မှာ အစုပါဝင်တဲ့နိုင်ငံတကာအစုရှယ်ယာရှင်တွေအနေနဲ့ အမြန်ဆုံးအရေးယူဆောင်ရွက်ဖို့ Justice For Myanmar အဖွဲ့က တောင်းဆိုထားပါသည်။


Burma News Network

https://www.facebook.com/burmanewsnetwork

စစ်ရာဇဝတ်ကောင်ရဲသမီးကို ကျပ် ဘီလျံချီ ထုတ်ချေးတဲ့ ရိုးမ ဘဏ်ကို အရေးယူဖို့ တောင်းဆို စစ်ရာဇဝတ်ကောင်ရဲသမီးကို ကျပ် ဘီလျံချီ ထုတ်ချေးတဲ့ ရိုးမ ဘဏ်ကို အရေးယူဖို့ တောင်းဆို Reviewed by THITHTOOLWIN on 21:21 Rating: 5

No comments:

Powered by Blogger.