အကြမ်းဖက်ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးရသူတွေအတွက် ကန်သံရုံး အထိမ်းအမှတ်ပြု

အကြမ်းဖက်ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးရသူတွေအတွက် ကန်သံရုံး အထိမ်းအမှတ်ပြု

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး တောင်းဆိုဆန္ဒပြရင်း အသက်ဆုံးရှုံးခဲ့ရသူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးက အမှတ်ရအောက်မေ့ဘွယ် အထိမ်းအမှတ်တခု သံရုံးဝင်းအတွင်း ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

“In Memory and Honor of Fallen Heroes” "မြန်မာနိုင်ငံတွင်း အသက်စတေးခဲ့ကြသော သူရဲကောင်းများကို ဂုဏ်ပြုပါသည်" ဆိုတဲ့ အင်္ဂလိပ်လိုရေးထားတဲ့ စာတန်းကို သံရုံးအတွင်းက ကျောက်နံရံပေါ်မှာ မှန်ဘောင်သွင်း တင်ထားပြီး အောက်မှာလည်း အမှတ်တရ အောက်မေ့ဘွယ်အဖြစ်နဲ့ ပန်းတွေကို စီချထားပေးတဲ့ ဓါတ်ပုံကို အမေရိကန်သံရုံး လူမှုကွန်ယက်မှာ တင်ထားပါတယ်။

ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းမပေါ်မှာရှိတဲ့ အထက (၅) ကျောင်းရှေ့မှာ ဆန္ဒပြရင်း ကျဆုံးသွားခဲ့တဲ့ ကိုညီညီအောင်ထက်နိုင်အတွက် သံအမတ်ကြီး Thomas Vajda နဲ့ ဇနီးတို့က မတ်လ ၂၆ ရက်နေ့မှာ လွမ်းသူပန်းခွေ ချခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ငြိမ်းချမ်းစွာ တောင်းဆို ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့က အကြမ်းဖက် ဖြိုခွဲမှုတွေ ချက်ခြင်း ရပ်တန့်ဖို့၊ ဖမ်းဆီးထားတဲ့ အရပ်သားခေါင်းဆောင်တွေကို ပြန်လွတ်ပြီး ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက် တင်မြောက်ထားတဲ့ အစိုးရကို အာဏာပြန်လွှဲပေးဖို့ အမေရိကန်သံရုံးက အကြိမ်ကြိမ် ကြေညာချက်တွေထုတ်ပြန် တောင်းဆိုထားသလို အာဏာသိမ်း စစ်ခေါင်းဆောင်တွေအပေါ် ဒဏ်ခတ် အရေးယူမှုတွေကိုလည်း အမေရိကန်အစိုးရက ချမှတ်ထားပြီးပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/us-embassy-for-myanmar-memorial-ceremony-for-burmese-lost-peoples/5854297.html

အကြမ်းဖက်ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးရသူတွေအတွက် ကန်သံရုံး အထိမ်းအမှတ်ပြု အကြမ်းဖက်ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးရသူတွေအတွက် ကန်သံရုံး အထိမ်းအမှတ်ပြု Reviewed by THITHTOOLWIN on 23:49 Rating: 5

No comments:

Powered by Blogger.