မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမ္မဂ သပိတ်စစ်ကြောင်းတွင် ပါ၀င်သူ ကိုမျိုးထက်နိုင်လင်းအား စစ်ကောင်စီမှ ဖမ်းဆီး


ဧပြီ၊၂၁ 

မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမဂ္ဂ သပိတ်စစ်ကြောင်းတွင် ပါဝင်လှုပ်ရှား‌နေသည့် ကိုမျိုးထက်နိုင်လင်း၊သမိုင်း ဂုဏ်ထူးတန်း(ဒုတိယနှစ်)ကို ယနေ့ နံနက် (၆)နာရီခွဲ ဝန်းကျင်က စစ်ကောင်စီမှ လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ 

လာရောက်ဖမ်းဆီးချိန်တွင် အိမ်စီးကား(၆)စီး၊ ရဲကား ၂စီးဖြင့် နေအိမ်ဝင်းကို ဝိုင်းထားပြီး အိပ်ခန်းသို့ သွားရောက်ကာ လက်ထိပ်ခတ် ခေါ်ဆောင်သွားကြောင်း သိရသည်။ 

ကိုမျိုးထက်နိုင်လင်းသည် အာဏာသိမ်းသည့်နောက်ပိုင်း မြစ်ကြီးနားမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် လူငယ်တစ်ဦးအနေဖြင့် ပါဝင်ခဲ့သူ ဖြစ်သည်။


Myitkyina News Journal

https://www.facebook.com/myitkyinanewsjournal.mm/

မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမ္မဂ သပိတ်စစ်ကြောင်းတွင် ပါ၀င်သူ ကိုမျိုးထက်နိုင်လင်းအား စစ်ကောင်စီမှ ဖမ်းဆီး မြစ်ကြီးနားတက္ကသိုလ် ကျောင်းသားသမ္မဂ သပိတ်စစ်ကြောင်းတွင် ပါ၀င်သူ ကိုမျိုးထက်နိုင်လင်းအား စစ်ကောင်စီမှ ဖမ်းဆီး Reviewed by THITHTOOLWIN on 20:59 Rating: 5

No comments:

Powered by Blogger.