မန္တလေးတတ်သိပညာရှင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့သပိတ်

မန္တလေးအသိပညာရှင်၊ အတတ်ပညာရှင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့သပိတ်စစ်ကြောင်းတွေ / CJCopyright: CJ

မန္တလေးမြို့မှာတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တတ်သိပညာရှင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ သပိတ်တွေ ဒီနေ့ ဧပြီလ ၄ ရက်မှာ ဆက်လုပ်ပြုလုပ်နေကြပါတယ်။

ကွန်ပျူတာ၊စီးပွားရေးနဲ့အင်ဂျင်နီယာမိသားစုအဖွဲ့တွေ၊ကျန်းမာရေး၊ ပညာရေး၊ မန္တလေးကျောင်းသားသမဂ္ဂပေါင်းစုံ၊ မန္တလေးအရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေ ထွက်ကြပါတယ်။

မန္တလေးတတ်သိပညာရှင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့သပိတ်

ဒါ့ပြင် စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ Easter eggs strike လှုပ်ရှားမှုကိုလဲ ဒီနေ့မှာ ပြုလုပ်ခဲ့ပါတယ်။

အီစတာသပိတ်

လက်ရှိမန္တလေးမြို့ရဲ့ လမ်းမကြီး တချို့နဲ့ စစ်ကြောင်းထွက်ခဲ့တဲ့ နေရာတွေမှာ စစ်တပ်၊ရဲ ၊ယာဉ်ထိန်းတို့ပေါင်းပြီး ဆိုင်ကယ်၊ကား ယာဉ်တွေကို ရပ်ခိုင်းပြီး ဖုန်းတွေပါ စစ်ဆေးနေပါတယ်။

လမ်းကြားတချို့နဲ့ တပ်ပိုင်အဆောက်အုံရှိတဲ့နေရာတွေမှာ ကင်းပုန်း‌တွေချပြီး စောင့်ကြည့်တာတွေပါရှိတယ်လို့ ဒေသခံ တွေကပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

မန္တလေးတတ်သိပညာရှင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့သပိတ်  မန္တလေးတတ်သိပညာရှင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေရဲ့သပိတ် Reviewed by THITHTOOLWIN on 20:08 Rating: 5

No comments:

Powered by Blogger.