မြန်မာစစ်တပ် အကြမ်းဖက်နဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ကန်သံရုံး တိုက်တွန်း

ရန်ကုန်မြို့ အမေရိကန်သံရုံးရဲ့ ကြေညာချက်။ (ဧပြီ ၁၁၊ ၂၀၂၁။ ဓာတ်ပုံ - US Embassy Rangoon)

မြန်မာနိုင်ငံမှာ စစ်တပ်က လက်နက်အင်အားသုံးပြီး ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွဲနေတာနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ အမေရိကန်သံရုံးက ဒီကနေ့ ညနေပိုင်းမှာ ကြေညာချက် ထုတ်ပြန်ခဲ့တာမှာ - ပဲခူးမြို့နဲ့ မြန်မာနိုင်ငံတဝန်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စစ်ဘက်တိုက်ခိုက်ရေးမှာသုံးတဲ့ လက်နက်တွေကို သုံးပြီး အရပ်သားတွေအပေါ် နှိမ်နင်းခဲ့တယ်ဆိုတဲ့ သတင်းတွေ ကြားသိရပြီး အကျိုးဆက်အနေနဲ့ လူတွေ အဓိပ္ပါယ်မဲ့ အသက်ဆုံးရှုံးရတဲ့အပေါ် စိတ်မကောင်းဖြစ်မိတဲ့အကြောင်း အမေရိကန်သံရုံးက ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြပါတယ်။

 အတာသင်္ကြန်ကာလ နီးကပ်လာချိန်မှာ အခုလို အသက်တွေ ဆုံးရှုံးရတာ စိတ်မကောင်းဖြစ်မိကြောင်း၊ စစ်အစိုးရအနေနဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်တဲ့ အရည်အချင်းရှိပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေကို ရပ်ဆိုင်းခြင်းနဲ့ စတင် အကောင်အထည်ဖော်ဖို့ အမေရိကန်သံရုံးက တိုက်တွန်းထားပါတယ်။


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/us-embassy-rangoon-statement/5848773.html

မြန်မာစစ်တပ် အကြမ်းဖက်နဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ကန်သံရုံး တိုက်တွန်း မြန်မာစစ်တပ် အကြမ်းဖက်နဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ကန်သံရုံး တိုက်တွန်း Reviewed by THITHTOOLWIN on 03:28 Rating: 5

No comments:

Powered by Blogger.