တရုတ်ဆန့်ကျင်ရေးအမြင်နဲ့ ဖရဲသီးသပိတ်

မူဆယ်ကနေ တရုတ်ပြည် ရွှေလီဘက်သွားမယ့် ဖရဲကားတွေ (ပုံဟောင်း)

မြန်မာ အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံတကာ အရေးယူမှုတွေကနေ ကင်းလွတ်နေအောင် တရုတ်၊ ရုရှားတို့က အကာအကွယ်ပြု ပေးနေတယ်ဆိုပြီး ပြည်တွင်း ပြည်ပ ၀ေဖန်သူတွေ၊ အကဲခတ်တွေက ပိုပြီး ပြောလာကြပါတယ်။

မြန်မာစစ်တပ်ရဲ့ အဓိက ကျောထောက်နောက်ခံဟာ တရုတ် ပြည်မကြီး အစိုးရဖြစ်တယ်၊ မြန်မာ စစ်တပ်ဟာ တရုတ်နဲ့ နီးစပ်တယ်ဆိုတဲ့ အမြင်တွေကို ပြောင်းနိုင်ဖို့ စစ်ကောင်စီက ကနေဒါ အခြေစိုက် လော်ဘီအဖွဲ့ ငှားတာကအစ လုပ်လာပြီး၊ အဲဒီ အဖွဲ့ရဲ့ အဆိုအရ မြန်မာ စစ်ဗိုလ်ချုပ်တွေဟာ အမေရိကန်နဲ့လည်း အဆင်ပြေလိုတဲ့ ဆန္ဒရှိတယ်ဆိုပြီး မီဒီယာတွေကို ပြောဆိုတာမျိုး လုပ်ခဲ့ပါတယ်။

ဒါပေမယ့် မြန်မာပြည်တွင်းမှာတော့ တရုတ်ပြည်မကြီး အစိုးရဟာ အာဏာသိမ်း စစ်ကောင်စီရဲ့ အဓိက မဟာမိတ်ဆိုတဲ့ အမြင်တွေ လွှမ်းမိုးနေပြီး တရုတ်က သွင်းတဲ့ အသီးအနှံတွေ အပါအ၀င် ကုန်ပစ္စည်းတွေကို သပိတ်မှောက်ဖို့ ဆော်ဩတာတွေ ကျယ်ကျယ်ပြန့်ပြန့် တွေ့မြင်လာရပါတယ်။

မြန်မာပြည် တနံတလျားတွေ့မြင်နေရတဲ့ ဖရဲသီးသပိတ် ဆိုတာကလည်း တရုတ်ပြည်မကြီး အစိုးရအပေါ် မကျေနပ်တဲ့ သဘောထားအမြင်ကို အရင်းခံတဲ့ ဆန္ဒဖော်ထုတ်မှု တစ်ရပ် အနေနဲ့ ပြောနိုင်ပါတယ်။

“မြန်မာ ဖရဲတွေကို တရုတ်က စျေးနှိမ်တယ်၊ ဒီတော့ ပြည်တွင်း ဖရဲတောင်သူတွေကို အားပေးရမယ်” ဆိုတဲ့ သတင်းစကားကို ဖော်ပြနေတာ ဖြစ်ပါတယ်။

တရုတ် အစိုးရရဲ့ တရား၀င် ရပ်တည်မှုကို ကြည့်ရင်တော့ လက်ရှိ ပြဿနာကို တွေ့ဆုံဆွေးနွေး အဖြေရှာရေး လမ်းကြောင်းပေါ် သွားကြဖို့ တိုက်တွန်းနေပြီး၊ မြန်မာပြည်ရဲ့ မတူတဲ့ ဘက်ပေါင်းစုံ- အဖွဲ့ပေါင်းစုံနဲ့ကြား ဆက်သွယ်မှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းဆန့်ကျင်ရေးစာသားတွေနဲ့အတူ တရုတ်အစိုးရအပေါ် ဆန့်ကျင်ရေးအမြင်ကိုလည်း တွေ့ရ

ဖရဲပေါ်ချိန် နွေဦးတော်လှန်ရေး (ပုံဟောင်း)

BBC Burmese

https://www.bbc.com/burmese/live/burma-56582387

တရုတ်ဆန့်ကျင်ရေးအမြင်နဲ့ ဖရဲသီးသပိတ်  တရုတ်ဆန့်ကျင်ရေးအမြင်နဲ့ ဖရဲသီးသပိတ် Reviewed by THITHTOOLWIN on 20:25 Rating: 5

No comments:

Powered by Blogger.