ပဲခူးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်​တွေပစ်ခတ်လို့ ၂ဦးသေဆုံး၊ ကျည်ထိမှန်ဒဏ်ရာရသူတွေရှိ


ဒီက​နေ့ ဧပြီ၇ရက်နေ့မနက်ပိုင်းက ပဲခူးမြို့ ကျောက်ကြီးစုရပ်ကွက်မှာ လမ်းအတားအဆီးတွေကို စစ်တပ်က ဝင်ရောက်ဖယ်ရှားခိုင်းရာက ပစ်ခတ်တာတွေလုပ်ခဲ့တာကြောင့်ကျည်ထိမှန်ဒဏ်ရာရသူတွေရှိခဲ့ပြီး ၂ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို​့ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

"သေတာကတော့ စီမံကိန်း၂လမ်းကတစ်ဦး တိုးချဲ့သစ်ဘက်က ၁ဦး။ အမျိုးသားတွေချည်းပဲ။ တယောက်ရဲ့အလောင်းကိုတော့ လမ်းထဲကသူတွေကဆွဲလိုက်နိုင်တယ်။ တယောက်ကတော့ တပ်ကယူသွားတယ်လို့သိရတယ်။ ကျည်မှန်တဲ့သူတွေကိုလည်း အသင်းတွေက သွားမကူနိုင်ဘူးဖြစ်နေတယ်။ လူနာကေယက်သူတွေပါ လူရောကားရောဖမ်းတာတွေလုပ်လို့ရှောင်နေကြရတယ်။"ကျောက်ကြီးစုရပ်ကွက်က ပရဟိတအသင်းအဖွဲ့က တာဝန်ခံတစ်ဦးကပြောပြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပဲခူးမြို့ပေါ်ရှိ ဖြူစင်မေတ္တာပရဟိတအသင်းနဲ့ ကလျာဏမိတ္တ အသင်းကားနဲ့အသင်းသားအချို့ဟာ နာရေးပို့ဆောင်ပေးရာကလမ်းမှာ ဖမ်းဆီးခံရတာတွေလည်းရှိခဲ့တယ်လို့သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

ပဲခူးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်​တွေပစ်ခတ်လို့ ၂ဦးသေဆုံး၊ ကျည်ထိမှန်ဒဏ်ရာရသူတွေရှိ  ပဲခူးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်​တွေပစ်ခတ်လို့ ၂ဦးသေဆုံး၊ ကျည်ထိမှန်ဒဏ်ရာရသူတွေရှိ Reviewed by THITHTOOLWIN on 21:11 Rating: 5

No comments:

Powered by Blogger.