မြန်မာဆရာဝန်တွေ ယူကေဆေးကုသခွင့်လိုင်စင်ရဖို့ မြန်မာဆေးကောင်စီရဲ့ ထောက်ခံစာမလိုတော့ဘူးလို့ဆို


မြန်မာနိုင်ငံကနေ ယူကေနိုင်ငံကို လာရောက်ကြဖို့ ရှိတဲ့ဆရာဝန်တွေအတွက် ယူကေမှာ ဆေးကုသမှု လိုင်စင် လျှောက်ထားတဲ့ အခါမှာ မြန်မာနိုင်ငံ ဆေးကောင်စီ Myanmar Medical Council ရဲ့ပြစ်မှုကင်းရှင်း စာရိတ္တကောင်းကြောင်း Certificate of Good Standing မလိုအပ်တော့ဘူးလို့ ယူကေက General Medical Council က ပြောတဲ့ အကြောင်း ယူကေအခြေစိုက် မြန်မာဆရာဝန်ကြီးတစ်ဦးဖြစ်တဲ့ ဒေါက်တာ သက်ကိုကိုက ဘီဘီစီကို ပြောပါတယ်။

အရင်က ယူကေမှာ ဆေးကုသမှုရဖို့အတွက် လိုင်စင်လျှောက်တဲ့အခါမှာ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု နဲ့ အတူ ဗြိတိန်က General Medical Councilစာမေးပွဲ တခုနဲ့ သက်ဆိုင်ရာ ဘာသာရပ်အလိုက် အောင်မြင်မှု ရှိဖို့ လိုအပ်မှာ ဖြစ်ပေယ့် အခုတော့ မြန်မာပြည်မှာ မြန်မာဆေးကောင်စီဟာ စစ်အာဏာရှင်ဘက်ကနေ ဆရာဝန်တွေကို နှိပ်ကွပ်နေတာ တွေ့ရတဲ့ အတွက် အခုဒီ မြန်မာနိုင်ငံ ဆေးကောင်စီ Myanmar Medical Council ရဲ့စာရိတ္တ ကောင်းကြောင်း Certificate of Good Standing ထောက်ခံစာကို မလိုအပ်တော့ဘူးလို့ သတ်မှတ်ခဲ့တာ လို့ ဒေါက်တာ သက်ကိုကိုက ပြောပါတယ်။

မြန်မာနိုင်ငံ ဆေးကောင်စီ Myanmar Medical Council ရဲ့စာရိတ္တ ကောင်းကြောင်း Certificate of Good Standing အစား အရင်ကိုယ်နဲ့ အလုပ်လုပ်ဖူးသူ ဆရာသမား ဖြစ်တဲ့ ဆရာဝန် ဆရာဝန်မကြီးတွေရဲ့ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း၊ လူနာတွေကို ကောင်းကောင်းမွန်မွန် ပြုစုစောင့်ရှောက်ကြောင်းနဲ့ ဘာသာရပ်အလိုက် တတ်ကျွမ်း နားလည်သူဖြစ်ကြောင့်း ထောက်ခံစာ ပါရင် ယူကေမှာ General Medical Councilရဲ့ ဆေးကုသခွင့် လိုင်စင် လျှောက်ထားနိုင်ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

မြန်မာဆရာဝန်တွေ ယူကေဆေးကုသခွင့်လိုင်စင်ရဖို့ မြန်မာဆေးကောင်စီရဲ့ ထောက်ခံစာမလိုတော့ဘူးလို့ဆို  မြန်မာဆရာဝန်တွေ ယူကေဆေးကုသခွင့်လိုင်စင်ရဖို့ မြန်မာဆေးကောင်စီရဲ့ ထောက်ခံစာမလိုတော့ဘူးလို့ဆို Reviewed by THITHTOOLWIN on 21:12 Rating: 5

No comments:

Powered by Blogger.