နောင်ချိုမြို့ မွမ်းမံသင်တန်းတက် ကျောင်းဆရာမ တဦး က လူငယ်များကို ထမီလှန်ပြ ခြိမ်းခြောက်မှု ပြုလုပ်


သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် စစ်အာဏာရှင်အလိုမရှိ ဆန္ဒပြနေသည့် လူငယ်များကို ကျောင်းဆရာမတဦးက ထမီလှန်ပြပြီး  ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

နောင်ချိုမြို့နယ် ပညာရေးမှူးရုံးမှ စီစဉ်သော မူလတန်းပြဆရာ/ဆရာမများ မွမ်းမံသင်တန်း တက်နေသည့် ပညာရေးဝန်ထမ်းများကို လူငယ်များမှ သင်တန်းတက်ခြင်းကို ရှုတ်ချကြောင်း သွားရောက်ဆန္ဒထုတ်ဖော်စဉ် ကျောင်းဆရာမ တဦးက ထမီလှန်ပြပြီး တုတ်ဖြင့်ခြိမ်းခြောက်မှုပြုလုပ်ခဲ့ကြောင်း နောင်ချိုဒေသခံများ ပြောပြချက်အရသိရသည်။

“ ဆရာမတွေက မူလတန်ပြနေတဲ့ဆရာမပါ။ ကလေးတွေက မွမ်းမံသင်တန်း တက်တာ သွားပြီးဆန္ဒပြတယ်။ အဲ့မှာ ဆရာမက ထမီလှန်ပြပြီး ကလေးတွေကို ရိုက်တဲ့ ဟန်ပြတယ်” ဟု နောင်ချိုဒေသခံတဦး ကပြောသည်။

နောင်ချို လူငယ်များကို ထမီလှန်ပြသည့် ဆရာမသည် အသက် (၅၀)အရွယ်ရှိပြီး အလက (ခွဲ)ကျောင်းတွင် အထွေထွေလုပ်သားဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ လက်ရှိမှာ မူလတန်းပြ သင်တန်းကို လာရောက်တက်ရောက်သူ ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆန္ဒပြသည့်လူငယ်များကို ထမိန်းလှန်ပြသည့်အပေါ်တွင် “ ကလေးတွေ စာသင်မဲ့ဆရာ၊ ယဉ်ကျေးအောင်သင်ပေးရမဲ့ ဆရာမက ထမီလှန်ပြတယ်ဆိုတော့ ကျနော်တို့က ဘယ်လိုသတ်မှတ်ရမလဲတောင်းမှ မသိတော့ဘူး။ လူယဉ်ကျေးမှုအရ သတ်မှတ်တောင်းတော်တော်ခက်နေပြီး။ လုံးဝမဖြစ်သင့်ကိစ္စလို့ဘဲ ကျနော်သုံသပ်ပါတယ်” ဟု ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ 

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စပြီး စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက်ပိုင်း ဆရာ၊ဆရာမများတစ်ချို့ CDM လှုပ်ရှားမှုတွင်ပါဝင်လာခဲ့ကြသော်လည်း စစ်အာဏာရှင်၊ ကြံ့ခိုင်ရေးပါတီ နှင့် ပတ်သက်သည့် တချို့ ဆရာ/ဆရာမများမှာ CDM မပါဝင်ခဲ့ပေ။

စစ်အာဏာရှင် လက်အောက်တွင် အလုပ်မလုပ်လိုသော ဆရာ၊ဆရာမများသည် CDM ကို ပါဝင်ကြပြီး၊ နေ့စဉ်နဲ့ အမျှ စစ်အာဏာရှင်ကို ကျဆုံးရေးအတွက် ဆန္ဒပြ နေကြသူများဖြစ်ကြသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

နောင်ချိုမြို့ မွမ်းမံသင်တန်းတက် ကျောင်းဆရာမ တဦး က လူငယ်များကို ထမီလှန်ပြ ခြိမ်းခြောက်မှု ပြုလုပ် နောင်ချိုမြို့ မွမ်းမံသင်တန်းတက် ကျောင်းဆရာမ တဦး က လူငယ်များကို ထမီလှန်ပြ ခြိမ်းခြောက်မှု ပြုလုပ် Reviewed by THITHTOOLWIN on 19:48 Rating: 5

No comments:

Powered by Blogger.