တောင်ကြီးမြို့စစ်ကောင်စီ မှ လမ်းသွား၊လမ်းလာသူများကို စစ်ဆေးမှု တင်းကြပ်နေ


သျှမ်းသံတော်ဆင့်၊ ဧပြီ ၁၂ရက် 

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့အတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ မှ  ဖုန်းစစ်ဆေးမှု ပြုလုပ်ပြီး ပိုက်ဆံတောင်းမှုများ ပြုလုပ်နေကြောင်း စုံစမ်းသိရှိရသည်။

ယခုရက်ပိုင်း တောင်ကြီးမြို့ ရပ်ကွက်လမ်းများတွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့က စောင့်ဆိုင်းနေပြီး  လမ်းသွား၊ လမ်းလာများကို လိုက်လံတားဆီးကာ ဖုန်းများ စစ်ဆေးမှု ပြုလုပ်ပြီး၊ ဖုန်းမပါရှိပါက ပိုက်ဆံတောင်းခြင်းများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။

“ဒီနေ့ ကျနော်တို့ ဘုရားဖြူဘက်မှာ ဖမ်းစစ်တာ။ ဖုန်းမပါသွားတော့ ပါသလောက် ပိုက်ဆံပေးလိုက်ရတယ်။ ကျနော် ၂ သောင်း ပေးလိုက်ရတယ်”ဟု တောင်ကြီး ဒေသခံ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

တောင်ကြီးမြို့ လမ်းတိုင်း နေရာတိုင်း စစ်ဆေးမှု ပြုလုပ်သဖြင့် ပြည်သူများအပြင်သွားသည့်အခါ စိုးရိမ်နေရကြောင်း၊အကြမ်းဖက် စစ်ကောင်စီမှ နည်းမျိုးစုံသုံးပြီး ပြည်သူများကို အကြမ်းဖက်မှု ပြုလုပ်နေကြောင်းလည်း တောင်ကြီးဒေသခံ အမျိုးသမီး တဦး ကပြောသည်။

“ ဆိုင်ကယ်တားပြီး ဖုန်းစစ်တယ်။ တချို့သူတွေက ဖုန်းမပါတော့ ဒဏ်ငွေ (၂)သောင်းပေးရတယ်။ ဖုန်းပါရင်ဖုန်းသိမ်းသွားတယ်” ဟု တောင်ကြီးမြို့ ကံကြီးရထားသံလမ်းစစ်ဆေးဘက်တွင် စစ်ဆေးမှုကြုံတွေ့ခဲ့ရသည့် အမျိုးသမီး တဦးက ပြောသည်။

လက်ရှိတွင် စစ်တပ်မှ မြို့ပေါ်ရှိ လူငယ်များကို ဖမ်းဆီးခြင်းပြုလုပ်သည့်အတွက်ကြောင့် လူငယ်များ ထွက်ပြေးနေကြောင်း  ဒေသခံများက ပြောဆိုကြသည်။

“လူငယ်တွေ ဖမ်းနေတယ်။ ဖက်ဒရယ် တပ်ထဲ သွားမှာကြောက်လို့ တောင်ကြီးက လူတွေက အကုန် ထွက်ပြေး နေကြတယ်။” ဟု တောင်ကြီးဒေသခံ တစ်ဦး ကပြောသည်။

ယခုနောက်ပိုင်း တောင်ကြီးမြို့ရှိ ဆန္ဒပြ လူငယ်များသည် အကြမ်းဖက် ဖြိုခွင်းမှု ဖမ်းဆီးမှုများ ရှိနေသဖြင့် ပြည်သူများက နည်းလမ်းမျိုးစုံဖြင့် လူမဲ့သပိတ် ကို နေ့တိုင်း ပြုလုပ်နေသည်ကို တွေ့ရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

တောင်ကြီးမြို့စစ်ကောင်စီ မှ လမ်းသွား၊လမ်းလာသူများကို စစ်ဆေးမှု တင်းကြပ်နေ တောင်ကြီးမြို့စစ်ကောင်စီ မှ လမ်းသွား၊လမ်းလာသူများကို စစ်ဆေးမှု တင်းကြပ်နေ Reviewed by THITHTOOLWIN on 19:59 Rating: 5

No comments:

Powered by Blogger.