မြန်မာစစ်အုပ်စု အပေါ် ဒဏ်ခတ်အရေးယူမှု သမ္မတဟောင်း အိုဘားမားထောက်ခံ



Share/Bookmark
မြန်မာလူငယ်များနှင့် ဆွေးနွေး ပြောဆိုနေသည့် အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမား။ နိုဝင်ဘာ ၁၄၊ ၂၀၁၆။

လက်ရှိမြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားက ဧပြီလ ၂၆ ရက် တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားတွေ အပေါ် ဝမ်းနည်းဖွယ် ရက်စက်တဲ့အကြမ်းဖက်မှုတွေကြောင့် စိတ်မကောင်းဖြစ်နေရပြီး ပြည်သူ လူထုတွေရဲ့ အသံကိုထင်ဟပ်တဲ့ နိုင်ငံတဝှမ်း လှုပ်ရှားမှုတွေကြောင့် စိတ်အားတက်ကြွရပါတယ်။ ကမ္ဘာကြီးအနေနဲ့ မြန်မာနိုင်ငံအပေါ် ဆက်လက်ပြီး အာရုံစူးစိုက်နေဖို့ လိုပါတယ်။ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်တခုအကြာ လွတ်လပ်မှုကြီးကြီးမားမား ရခဲ့ပြီးတဲ့နောက် စစ်တပ်က သူ့ဆန္ဒအတိုင်း လုပ်ကိုင်ဖို့ တရားမဝင်တဲ့နည်းလမ်းတွေနဲ့ ရက်ရက်စက်စက် ပြုလုပ်လာတာကို လူထုက ဘယ်တော့မှာ လက်ခံမှာ မဟုတ်သလို ကမ္ဘာကြီးတခုလုံးကလည်း လက်မခံသင့်ပါဘူး။

သမ္မတဘိုင်ဒန်အစိုးရနဲ့ သဘောထားတိုက်ဆိုင်တဲ့ နိုင်ငံတွေက မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းကို ပြန်ရောက်ရေး အားထုတ်တဲ့ လုပ်ရပ်တွေကို ကျနော့် အနေနဲ့ ထောက်ခံပါတယ်။

မြန်မာလူထု ပြည်သူလူထု လက်မခံတဲ့ လူသတ်သမားအုပ်ချုပ်ရေးဟာ ပိုမိုဆိုးဝါးတဲ့ မတည်ငြိမ်မှု၊ လူချင်းစာနာမှုပြဿနာတွေ အပြင် ကျရှုံး နိုင်ငံတခု ဖြစ်ဖို့ အန္တရာယ်ရှိနေတယ် ဆိုတာကို မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက အသိအမှတ်ပြုသင့်ပါတယ်။

မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ မူဝါဒကို မျှော်မှန်းတဲ့ သူတွေ အနေနဲ့ တိုင်းရင်းသားတွေနဲ့ ဘာသာရေးအဖွဲ့အစည်း အသီးသီး ကိုလွှမ်းခြုံတဲ့ သွေးစည်းညီညွတ်မှုကို ဆက်လက်တည်ဆောက်သင့်ပါတယ်။

အခုအချိန်ဟာ အမှောင်လွှမ်းတဲ့ အချိန်ဖြစ်နေပေမယ့် မြန်မာပြည်သူအများအပြားက ပြသနေကြတဲ့ စည်းလုံးညီညွတ်မှု၊ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ ဒီမိုကရေစီတန်ဖိုးတွေ ဖေါ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားတာတွေ့ရတဲ့အတွက် ကျနော် စိတ်အားတက်ကြွရပါတယ်။ ဒီလုပ်ရပ်ကနေပြီး ပြည်သူ့ဆန္ဒကို လေးစားတဲ့ ခေါင်းဆောင်တွေကနေ ပေးနိုင်တဲ့ အနာဂတ်မျိုး ရနိုင်မှာ ဖြစ်ကြောငး သမ္မတဟောင်း အိုဘားမားရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/former-president-Obama-support-for-sanction-on-Burma-/5867587.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ