ရတနာပုံတက္ကသိုလ်ကျောင်းသား သုံးဦး ဖမ်းဆီးခံရ



Share/Bookmark
ရတနာပုံတက္ကသိုလ်ကျောင်းသား သုံးဦး ဖမ်းဆီးခံရ ရတနာပုံ တက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ ပိုင်စွမ်းထက်၊ ရဲထွဋ်နိုင်၊ နိုင်မင်းထွန်း၊ တို့ကို တွေ့ရစဉ် (ဝဲ မှ ယာ) / Photo: RFA

မန္တလေးမြို့မှာ ဧပြီ ၂၉ ရက်နေ့၊ မနေ့ မနက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲက ပြန်လာတဲ့လမ်းမှာ စစ်ကောင်စီတပ်တွေ အိမ်စီးကားနဲ့ တိုက်ဖမ်းတဲ့အတွက် ရတနာပုံ တက္ကသိုလ်ကျောင်းသား သုံးယောက် ၁၀၇ လမ်းနဲ့ ၆၄ လမ်းမှာ ဖမ်းဆီးခံလိုက်ရပါတယ်။

ကိုနိုင်မင်းထွန်း၊ ကိုရဲထွဋ်နိုင် နဲ့ ကိုပိုင်စွမ်းထက် တို့ဖြစ်ပါတယ်။

"ကားနဲ့ လိုက်တိုက်ဖမ်းတယ်။ သူတို့နဲ့အတူ ဆိုင်ကယ်တွေ၊ ဖုန်းတွေ ပါသွားတယ်။ အခုတော့ အိုးဘိုထောင် ရောက်နေတယ်လို့တော့ သိရတယ်။ သူတို့ ဘယ်လိုပဲ ဖမ်းနေပါစေ ကျွန်တော်တို့ ဆက်လုပ်စရာရှိတာ လုပ်နေမှာပါ" လို့ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းမှာ ပါဝင်သူတစ်ယောက်က RFA ကို ပြောပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြတာတွေကို စစ်ကောင်စီက ဖမ်းဆီး၊ ပစ်ခတ်တာတွေလုပ်နေပေမယ့် ပြည်သူတွေဟာ နေ့စဥ်မပြတ် ဆန္ဒပြနေကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/three-yadanarpone-uni-students-were-arrested-04302021024416.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ