တောင်ကိုရီးယား ပေါ်စကိုကုမ္ပဏီ ဦးပိုင်နဲ့ ပူးပေါင်းမှုရပ်မယ်

တောင်ကိုရီးယား ပေါ်စကိုကုမ္ပဏီ ဦးပိုင်နဲ့ ပူးပေါင်းမှုရပ်မယ်

တောင်ကိုရီးယားက Posco C&Cကုမ္ပဏီက မြန်မာစစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းတခု ဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီ လီမိတက် (MEHL)နဲ့ စီးပွားရေး ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေ ရပ်ဆိုင်းတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ လက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြသူတွေကို စစ်တပ်က အကြမ်းဖက် ဖြိုခွဲနှိမ်နင်းမှုတွေကြောင့် စစ်တပ်နဲ့ ပတ်သက်နေတဲ့ လုပ်ငန်းတွေကို ဆက်မလုပ်ဖို့ တောင်းဆိုမှုတွေ ရှိနေတာကြေင့် တောင်ကိုရီးယား စတီးလ် ကုမ္ပဏီကြီး ဖြစ်တဲ့ Posco C&C က သူတို့ဟာ (MEHL)နဲ့ ဖက်စပ်လုပ်နေတဲ့ Myanmar Posco C&C Co., က (MEHL) ရဲ့ အစုရှယ်ယာ တွေအကုန်လုံးကို ဝယ်ယူလိုက်ကြောင်း ပြောပါတယ်။

Posco C&C ဟာ ၁၉၉၇ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ စီးပွားရေး ဝင်ရောက်လုပ်ကိုင်ခဲ့တာ ဖြစ်ပြီး ၂၀၁၃ မှာ MEHL နဲ့ ဖက်စပ်ကုမ္ပဏီ ထူထောင်ပြီး သံမဏိ စျေးကွက်မှာ စတင် ဝင်ရောက်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ ဖက်စပ်ကုမ္ပဏီမှာ Posco C&C ဘက်က ၇၀ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီးက (MEHL) ပိုင်တဲ့ ၃၀ ရာခိုင်နှုန်းကို ဒီနှစ် ပထမ ၆ လပတ်မှာပဲ ဝယ်ယူသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိင်ငံမှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမြန်မာစစ်တပ်နဲ့ ပတ်သက်ဆက်စပ်နေတဲ့ စီးပွးရေး လုပ်ငန်းတွေနဲ့ ဆက်လက်မလုပ်ကိုင်ဖို့ Poscoကုမ္ပဏီကို ဖိအားပေး တောင်းဆိုမှုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

တောင်ကိုရီးယား ပေါ်စကိုကုမ္ပဏီ ဦးပိုင်နဲ့ ပူးပေါင်းမှုရပ်မယ် တောင်ကိုရီးယား ပေါ်စကိုကုမ္ပဏီ ဦးပိုင်နဲ့ ပူးပေါင်းမှုရပ်မယ် Reviewed by THITHTOOLWIN on 21:32 Rating: 5

No comments:

Powered by Blogger.