ကလေးမြို့တွင် ဆန္ဒပြရာပါဝင်သူ ငါးဦး ဖမ်းဆီးခံရဟုသိရ


စစ်ကိုင်းတိုင်း ကလေးမြို့ တွင် ဆန္ဒပြရာ ပါဝင်သူ ၅ ဦး ကိုစစ်ကောင်စီတပ်ဖွဲ့၀င်များကနေအိမ်တွင်လာရောက်ဖမ်းဆီးဟု ဒေသခံများထံမှ သိရပါသည်။

စမ်းမြို့ရပ်ကွက်ဒေသခံ တစ်ဦးက " မနေ့က စမ်းမြို့ ရပ်ကွက်မှာ လူလေးဦး ဖမ်းသွားတယ် ဒီနေ့ တစ်ဦး ထပ်ဖမ်းသွားတယ်လို့ သိရတယ်" ဟုပြောသည်။

ကလေးမြို့တွင် ဖမ်းဆီးခံရမှုများ ရှိနေသော်လည်း ဆန္ဒပြပြည်သူများက နေ့စဥ် သပိတ် စစ်ကြောင်းများခွဲကာ သပိတ်မှောက်လျှက်ရှိကြောင်း သိရသည်။


Chin World

https://www.facebook.com/Chin-World-167011980026853

ကလေးမြို့တွင် ဆန္ဒပြရာပါဝင်သူ ငါးဦး ဖမ်းဆီးခံရဟုသိရ ကလေးမြို့တွင်   ဆန္ဒပြရာပါဝင်သူ ငါးဦး ဖမ်းဆီးခံရဟုသိရ Reviewed by THITHTOOLWIN on 21:09 Rating: 5

No comments:

Powered by Blogger.