ဗဟန်း ဗိုလ်စိန်မှန်မှာ ပေါက်ကွဲမှုဖြစ်ပြီးနောက် လူငယ်ရှစ်ဦး ဖမ်းဆီးခံရ


ရန်ကုန်၊ဧပြီ ၂၀-၂၀၂၁

ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ရပ်ကွက်မှာ ဒီနေ့ ဧပြီ ၂၀ ရက် နေ့လယ်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီးနောက် စစ်တပ်က လူငယ်ရှစ်ဦးကို ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

"ပေါက်တဲ့အသံကတော့ အကျယ်ကြီးပဲ ဗုံးလားဘာလားတော့ မသိဘူး ပြီးတော့ စစ်တပ်နဲ့ရဲတွေရောက်လာပြီး ရပ်ကွက်ကိုဝင်မွှေပြီး ဖမ်းတော့တာပဲ"လို့ ဗိုလ်စိန်မှန်ရပ်ကွက်က ပြည်သူတဦးက VOMကို ပြောပါတယ်။

ကျား၄ဦး ၊မ၄ဦးကို စစ်တပ်က လာရောက်ဖမ်းဆီးခဲ့တာလို့ ဆက်ပြောပါတယ်။

အခု ရက်ပိုင်းအတွင်း ရန်ကုန်တိုင်း မြို့နယ်အချို့မှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီးနောက်ပိုင်း စစ်တပ်က ရပ်ကွက်ကလူငယ်အချို့ကို ဖမ်းဆီးခဲ့တာတွေ ရှိလာတာပါ။


အေးချမ်းသူ(VOM)

Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews

ဗဟန်း ဗိုလ်စိန်မှန်မှာ ပေါက်ကွဲမှုဖြစ်ပြီးနောက် လူငယ်ရှစ်ဦး ဖမ်းဆီးခံရ ဗဟန်း ဗိုလ်စိန်မှန်မှာ ပေါက်ကွဲမှုဖြစ်ပြီးနောက် လူငယ်ရှစ်ဦး ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 23:35 Rating: 5

No comments:

Powered by Blogger.