သီပေါမြို့ ပညာရေးမှူးရုံး လက်လုပ်မိုင်းပစ်ခံရ


ဧပြီ ၂၇ရက် ၂၀၂၁

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့ ပညာရေးမှူးရုံးကို  ယနေ့ (ဧပြီ ၂၇)ရက် မနက် (၁)နာရီ ဝန်းကျင် တွင်  လက်လုပ်မိုင်း ပစ်ခံရကြောင်း သတင်းရရှိသည်။

ပညာရေးမှူးရုံး ဒုပညာရေးမှူး က ဝန်းထမ်းများကို ရုံးတက်ရန်  ဖိအားပေးခြင်း၊ စစ်တပ်တို့နှင့် ပူပေါင်းခြင်းကြောင့်  သီပေါဒလံ ရှင်းလင်းရေး အဖွဲ့ က အနုနည်းဖြင့် ပညာပြခြင်းသာဖြစ်ကြောင်း သိရသည်။

“ ဒုပညာရေးမှူးက CDM မလုပ်ဘူး။ မလုပ်တဲ့အပြင် CDM လုပ်တဲ့ သူတွေကိုရုံတက်ဖို့ဖိအားပေးတယ်။ အရင်ကဆို သပိတ်စစ်ကြောင်းဖြိုခွင်းခံရတဲ့ချိန်မှာဆို သူက ရဲတွေနားကပ်ပြီးတော့ သတင်းပေးနေတာရှိတယ်။ အဲ့ဒါကြောင့်ဖြိုခွင်းတာ” ဟု သီပေါမြို့ ဒလံရှင်းလေးရေးအဖွဲ့ဝင်တဦး က ပြောသည်။ 

သီပေါမြို့ CDM ဝန်းထမ်းများကိုဦးဆောင်နေသူမှာ လက်ထောက်ပညာရေးမှူးဖြစ်ကြောင်းသိရသည်။ 

ထိုသို့ ပညာရေးရုံးကို လက်လုပ်မိုင်းပစ်ရခြင်းသည် ဒလံများကို သတိပေးခြင်း၊ ခြိမ်းခြောက်ခြင်းဖြင့်သာ ပြုလုပ်ခဲ့ကြောင်း ဒလံရှင်းလင်းရေးအဖွဲ့က ပြောသည်။ 

အလားတူ ယမန့်နေ့ဧပြီ ၂၆ရက်နေ့ တွင် သီပေါမြို့ ဒလံများကို သတိပေးစာထုတ်ထားခဲ့ပြီးဖြစ်ကြောင်းသိရသည်။ 

အကြမ်းဖက် စစ်ကောင်စီမှ လာမည့် မေလ ၅ ရက်နေ့တွင် ကျောင်းများအားလုံးပြန်ဖွင့်ရန်အတွက် စစ်တပ်ပိုင်း MWD ရုပ်သံတွင်  ကြောညာထားသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

သီပေါမြို့ ပညာရေးမှူးရုံး လက်လုပ်မိုင်းပစ်ခံရ သီပေါမြို့  ပညာရေးမှူးရုံး လက်လုပ်မိုင်းပစ်ခံရ Reviewed by THITHTOOLWIN on 20:37 Rating: 5

No comments:

Powered by Blogger.