တောင်သမာန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး မီးလောင်မှုဖြစ်ပွားခဲ့





ဧပြီ ၂၂ -၂၀၂၁

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တောင်သမာန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး မနေ့ ဧပြီ၂၁ရက်နေ့ညပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

လက်ရှိအချိန်ထိ မီးလောင်မှုအကြောင်းအရင်းကို စုံစမ်းနေပြီး အုပ်ချုပ်ရေးမှူးရုံးရဲ့ တံခါးရွက်တွေနဲ့ မျက်နှာကျက်တွေ မီးလောင်ပျက်စီးကာ ဆုံးရှုံးမှုတန်ဖိုး ၂သိန်း ရှိတယ်လို့ မီးသတ်တပ်ဖွဲ့ကနေ တွက်ချက်ထားပါတယ်။

ပြီးခဲ့တဲ့ မတ်လပိုင်းကလည်း မန္တလေးမြို့ ၊ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်ခဲ့တဲ့ဖြစ်စဉ်လည်းဖြစ်ပွားခဲ့ပါသေးတယ်။


Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews/

တောင်သမာန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး မီးလောင်မှုဖြစ်ပွားခဲ့ တောင်သမာန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး မီးလောင်မှုဖြစ်ပွားခဲ့ Reviewed by THITHTOOLWIN on 20:37 Rating: 5

No comments:

Powered by Blogger.