မန္တလေးမြို့ ၇၃လမ်းပေါ်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး ရဲ ၄ ဦး ဒဏ်ရာရ

ဧပြီ ၂၈-၂၀၂၁

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၇၃လမ်းနဲ့ ၃၈လမ်းထောင့်မှာ ဒီကနေ့မနက်ပိုင်းက လူမဲ့သပိတ်ပြုလုပ်ထားတဲ့နေရာမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ အနီးအနားနေထိုင်သူတွေပြောပြချက်အရ သိရပါတယ်။

အဲ့ဒီနေရာမှာ ဦးထုပ်များ ၊ ပန်းစည်းများ၊ ရေသန့်ဘူးများနဲ့ ဟမ်းစပီကာတို့ကို ရှိနေတာကို မသင်္ကာလို့ ရဲတပ်ဖွဲ့၀င်တွေက တုတ်နဲ့ထိုးပြီး စစ်ဆေးချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုကြောင့် ရဲအရာရှိ၂ဦးနဲ့ ရဲတပ်ဖွဲ့၀င် ၂ ဦး (မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ပြီး စစ်ဆေးရုံတစ်ခုမှာ ကုသနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့နေရာကို မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က သွားရောက်စစ်ဆေးရာမှာတော့ ကီးပတ်ဖုန်း ၁လုံး သိမ်းဆည်းရမိခဲ့တယ်လို့လည်း သိရပါတယ်။


Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews/

မန္တလေးမြို့ ၇၃လမ်းပေါ်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး ရဲ ၄ ဦး ဒဏ်ရာရ မန္တလေးမြို့ ၇၃လမ်းပေါ်မှာ ပေါက်ကွဲမှုဖြစ်ပွားပြီး ရဲ ၄ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 18:40 Rating: 5

No comments:

Powered by Blogger.