ရခိုင်မှာဆန္ဒပြလို့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ကျောင်းသားတွေရုံးချိန်း မစစ်ဘဲထပ်မံရွှေ့ဆိုင်း

ရခိုင်မှာဆန္ဒပြလို့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ကျောင်းသားတွေရုံးချိန်း မစစ်ဘဲထပ်မံရွှေ့ဆိုင်း ရခိုင်ပြည်နယ်မှာ အင်တာနက်ပြန်ဖွင့်ပေးဖို့ ၂၀၂၀ စက်တင်ဘာ ၉ ရက်နေ့က ရခိုင်ပြည်နယ် အစိုးရရုံးရှေ့မှာ ဆန္ဒပြနေတဲ့ ကျောင်းသား သုံးဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့စဉ် / ဓာတ်ပုံ - နီမင်းထွန်း/ RFA

ရခိုင်ပြည်နယ်မှာ မြန်နှုန်းမြင့်အင်တာနက် 4G ဖွင့်ပေးဖို့နဲ့ အစိုးရနဲ့ စစ်တပ်ကို ဝေဖန်ထောက်ပြတဲ့ ဆိုင်းဘုတ်တွေ ကိုင်ပြီးဆန္ဒလို့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ရခိုင်ကျောင်းသား ငါးဦးကို ဧပြီ ၂၃ ရက်၊ ဒီနေ့ နေ့လယ်က စစ်တွေမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ရာ မစစ်ဆေးဘဲ လာမယ့် ဧပြီလ ၂၈ ရက်နေ့ကို ထပ်မံ ရုံးချိန်းလိုက်တယ်လို့ ကာယကံရှင်က RFA ကိုပြောပါတယ်။

ဖမ်းဆီးတရားစွဲခံထားရတာ ၆ လကျော်အထိ အချိန်ကြာနေပြီဖြစ်သလို ဒီနေ့မှာလည်း တရားသူကြီး နေမကောင်းလို့ တရားလိုပြသက်သေကို မစစ်ဆေးခဲ့တာကြောင့် အချိန်ကြန့်ကြာနေတဲ့အတွက် အမြန်ဆုံး စစ်ဆေးပေးဖို့ကို တောင်းဆိုတယ်လို့ ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၉ နဲ့ တရားစွဲခံထားရတဲ့ ကိုတိုးတိုးအောင်က RFA ကိုပြောပါတယ်။

အခုလိုအချိန်ကြန့်ကြာနေတဲ့အတွက် ရုံးချိန်လာရောက်တဲ့မိဘတွေလည်း ငွေကြေးအခက်အခဲ ဖြစ်နေတယ် လို့လည်း သူကဆိုပါတယ်။

ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ကိုဦးသန်းနိုင်၊ ကိုကျော်နိုင်ဌေး၊ ကိုကောင်းထွန်းနဲ့ ကျောက်ဖြူ ပညာရေး ကောလိပ်က ကိုမြတ်စိုးဝင်းတို့ဟာ နိုင်ငံတော်အကြည်အညိုပျက်စေမှု ဦးပဒေပုဒ်မ ၅၀၅(ခ)၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၉ တို့နဲ့ စစ်တွေ အကျဥ်းထောင်မှာ ထိန်းသိမ်းခံထားရတာပါ။

အဲဒီအထဲက ကိုဦးသန်းနိုင်နဲ့ ကိုကျော်နိုင်ဌေး ကတော့ ကိုတိုးတိုးအောင် နဲ့အတူ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ် အစိုးရရုံးရှေ့မှာ ဆန္ဒပြခဲ့တဲ့အတွက် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့လည်း တရားစွဲခံထားရပါတယ်။ အဲဒါကြောင့် သူတို့ နှစ်ဦးကတော့ အမှု ၃ ခုကို တစ်ပြိုင်တည်း ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ကိုတိုးတိုးအောင်ကတော့ ငြိမ်းစုစီပုဒ်မ ၁၉ တစ်ခုတည်းနဲ့ တရားစွဲခံရတာဖြစ်တဲ့အတွက် အာမခံရပြီး အပြင်ကနေ တရားရင်ဆိုင်နေတာပါ။

အခုလက်ရှိ စစ်တွေထောင်ထဲမှာ ထိန်းသိမ်းခံထားရတဲ့ ရခိုင်ကျောင်းသား လေးဦးဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က စစ်တွေမြို့မှာ အရပ်သား တစ်ရာလောက်နဲ့အတူ ဆိုင်းဘုတ်တွေကိုင်ပြီး ဆန္ဒပြနေစဉ်အတွင်းမှာပဲ ဖမ်းဆီးခံလိုက်ရတာပါ။ အဲဒီနောက် စစ်တွေမြို့နယ် ရဲမှူး ဇော်နိုင်နဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇံဝေတို့က တရားလိုလုပ်ပြီး တရားစွဲခံတာဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/rakhine-students-case-04232021073948.html

ရခိုင်မှာဆန္ဒပြလို့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ကျောင်းသားတွေရုံးချိန်း မစစ်ဘဲထပ်မံရွှေ့ဆိုင်း ရခိုင်မှာဆန္ဒပြလို့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ကျောင်းသားတွေရုံးချိန်း မစစ်ဘဲထပ်မံရွှေ့ဆိုင်း Reviewed by THITHTOOLWIN on 21:10 Rating: 5

No comments:

Powered by Blogger.