ကနီ ယင်းမာပင်နယ် ရွာပေါင်း ၄၀ ကျော်ခန့် က ရွာသားတွေ ထွက်ပြေးနေကြ

 

စစ်ကောင်စီတပ်တွေ ဖမ်းဆီးမှာကို ကြောက်တာကြောင့် ကနီ ယင်းမာပင်နယ် ရွာပေါင်း ၄၀ ကျော်က ရွာသားတွေဟာ နီးစပ်ရာတောတွေမှာ တိမ်းရှောင်နေရတယ်လို့ ကနီဒေသခံတစ်ဦးက ပြောပါတယ်။

တိမ်းရှောင်နေကြသူတွေထဲမှာ သက်ကြီးရွှယ်အိုတွေ ကိုယ်ဝန်သည်တွေပါပြီး ပြီးခဲ့တဲ့ရက်ပိုင်းက တော့ ရွာကတိမ်းရှောင်လာသူတစ်ဦး ဝမ်းရောဂါကြောင့် သေဆုံးခဲ့ရတယ်လို့လည်း ဘီဘီစီကိုပြောပါတယ်။

တိမ်းရှောင်နေသူ စုစုပေါင်း ဘယ်လောက်ရှိမယ်ဆိုတာကိုတော့ သူတို့ကပြောပြနိုင်ခြင်းမရှိပါဘူး။

ရွာတွေမှာ အချို့စစ်ကောင်စီတပ်တွေ ကက တပ်ဆွဲထားလို့ရွာတွေဘက်ကို မပြန်ရဲကြောင်းနဲ့ နေအပူချိန် ပြင်းသလို သောက်သုံးရေနဲ့ စားသောက်စရာတွေပြတ်ပြီး ဒုက္ခရောက်နေကြတယ်လို့လည်းသူတိုကပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်ထဲကို ဒီကနေ့ ဧပြီလ၂၅ ရက်နေ့ မနက်ပိုင်းက စစ်ကား ၁၇ စီး‌ရောက်ရှိလာခဲ့ပြီး ညနေပိုင်းမှာ ရွာတွေကိုဝင်ရောက်ရှာဖွေမှုတွေလုပ်ခဲ့တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ကနီက ရပ်ကွက် အ.မ.က (၃)စာသင်ကျောင်းကျောင်းမှာ တပ်စွဲထားပြီး အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ရှာဖွေမှုတွေလုပ်နေတယ်လို့လည်းဒေသခံတွေက ပြောပါတယ်။

မုံရွာ-ယာကြီး-ကလေးဝလမ်းအတိုင်း မုံရွာကနေ ကနီမြို့ကိုလာရင် မုံရွာမြစ်ကူး တံတားထိပ်ကနေ ကနီမြို့အရောက် ၂၈ မိုင်ဝေးပြီး၊ ဧပြီ ၁၅ ရက်က တိုက်ခိုက်မှုတွေ ဖြစ်ပွားတဲ့ နေရာကတော့ အဲဒီမြစ်ကူးတံတားထိပ်ကနေ ၁၃ မိုင်လောက်ဝေးတဲ့ ယင်းမာပင်နဲ့ ကနီ နယ်အစပ်က ဒေသထဲမှာဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56833883

ကနီ ယင်းမာပင်နယ် ရွာပေါင်း ၄၀ ကျော်ခန့် က ရွာသားတွေ ထွက်ပြေးနေကြ  ကနီ ယင်းမာပင်နယ် ရွာပေါင်း ၄၀ ကျော်ခန့် က ရွာသားတွေ ထွက်ပြေးနေကြ Reviewed by THITHTOOLWIN on 22:47 Rating: 5

No comments:

Powered by Blogger.