တမူးမြို့က စစ်ကားပေါ်ဗုံးကွဲ

တမူးမှာ လမ်းအချိုကို အတားအဆီးတွေချထားတာတွေ့ရစဥ်

မြန်မာ-အိန္ဒိယနယ်စပ် စစ်ကိုင်းတိုင်းတမူးမြို့မှာ ဧပြီလ ၄ ရက်နေ့ ညနေပိုင်းက စစ်ကားတစ်စီးပေါ်မှာ ဗုံးကွဲခဲ့ပြီး စစ်ကောင်စီတပ်တွေဖွဲ့ဝင်အချိုသေဆုံးခဲ့တယ်လို့ တမူးမြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အနည်းဆုံးစစ်သား ၄ ဦးသေဆုံးခဲ့တဲ့လို့သိရပြီး ဒီလက်ပစ်ဗုံးဟာ လူတွေကို ပစ်ဖို့ စစ်တပ်က တပ်သားတစ်ဦး စနက်တံကိုဖြုတ်စဥ်မှာပေါက်ကွဲခဲ့တာလို့ ပြောပေမဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

စစ်ကားပေါ်ဗုံးကွဲပြီးနောက်မှာ မြို့ပေါ်မှာပစ်ခတ်မှုတွေရှိခဲ့သလို ကင်းစခန်းတွေမီးလောင်ပြီးတော့ ရဲစခန်းထဲ ကို စစ်တပ်ဖွဲ့ဝင်တွေပြောင်းရွှေ့နေကြ တယ်လို့ လည်းမြို့ခံတွေက ပြောပါတယ်။

မြို့ခံတွေက ပစ်ခတ်မှုတွေကြောင့် ကြောက်ရွှံ့မှုတွေရှိပြီး အခြေအနေတွေက မတည်ငြိမ်မှုတွေရှိကြောင်းလည်း သူကပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

တမူးမြို့က စစ်ကားပေါ်ဗုံးကွဲ  တမူးမြို့က စစ်ကားပေါ်ဗုံးကွဲ Reviewed by THITHTOOLWIN on 05:38 Rating: 5

No comments:

Powered by Blogger.