သာကေတ(၁၀)တောင် ရပ်ကွက်ရုံး မီးလောင်


ရန်ကုန် ၊ ဧပြီ ၁၉-၂၀၂၁

သာကေတမြို့နယ် ခိုင်ရွှေဝါလမ်း (၁၀)တောင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဒီနေ့ ဧပြီ ၁၉ရက် နေ့လယ် ၂နာရီဝန်းကျင်က မီးလောင်ခဲ့တယ်လို့ အဲ့ဒီ ရပ်ကွက်မှာ နေထိုင်သူတွေဆီက သိရပါတယ်။ 

မီးစတင်လောင်ကျွမ်းရတဲ့အကြောင်းအရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့ မသိရသေးပါဘူး။

"ရုံးကတော့ မီးလောင်ပြာကျသွားပြီ" လို့ အဲဒီရပ်ကွက်က မျက်မြင်တွေ့သူတဦးက ပြောပြပါတယ်။

အဲဒီမီးလောင်မှုကို မီးသတ်ကားသုံးစီးနဲ့ ရပ်ကွက်ထဲနေသူတွေ မီးငြှိမ်းသတ်ခဲ့ကြတာကြောင့် ၂နာရီ ၂၀လောက်မှာ ငြိမ်းသတ်နိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

မီးလောင်ကျွမ်းမှု ဖြစ်လို့ ငြှိမ်းသတ်နေစဉ်မှာပဲ စစ်သားနဲ့ ရဲကားတွေ ရောက်လာပြီး လမ်းတွေ ပိတ်ချလိုက်တယ်လို့လည်း အဲရပ်ကွက်မှာ နေထိုင်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်း ရန်ကုန်တိုင်း မြို့နယ်အသီးသီးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးတွေ ဆက်တိုက်မီးလောင်ကျွမ်းခဲ့ပြီး ရပ်ကွက်ရုံးပေါင်း ၁၅ခုမနည်း မီးလောင်ကျွမ်းထားပါတယ်။


MHS(VOM)

Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews

သာကေတ(၁၀)တောင် ရပ်ကွက်ရုံး မီးလောင် သာကေတ(၁၀)တောင် ရပ်ကွက်ရုံး မီးလောင် Reviewed by THITHTOOLWIN on 19:34 Rating: 5

No comments:

Powered by Blogger.