တာမွေ မအူကုန်းရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံး မီးလောင်

ရန်ကုန်မြို့၊ တာမွေမြို့နယ်ထဲမှာရှိတဲ့ မအူကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ဒီနေ့ ဧပြီလ ၁၃ ရက် မနက် ၅ နာရီကျော်လောက်က မီးလောင်မှုဖြစ်ခဲ့လို့ ရုံးတစ်ခုလုံးပျက်စီးသွားခဲ့တယ်လို့ အနီးနားနေထိုင် ထိုင်သူတွေက ဘီဘီစီကိုပြောပါတယ်။

အဲဒီအုပ်ချုပ်ရေးမှူးရုံးဟာ လမ်းကျယ်နဲ့ ၁၃၅ လမ်း လမ်းထိပ်မှာရှိပြီး အုတ်ကာ၊ သွပ်မိုး တထပ်အဆောက်အအုံဖြစ်ပါတယ်။

မီးသတ်ကားနဲ့ မီးငြိမ်းနိုင်ခဲ့လို့ မနက် ၆ နာရီဝန်းကျင်မှာ မီးငြိမ်းနိုင်ခဲ့ပေမဲ့ အိမ်စီးကား ၂ ဦးမီးသင့်ပြီး ထရန်စဖော်မာ တစ်လုံး ပျက်စီးခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာရသူ မရှိသလို မီးလောင်ရတဲ့အကြောင်းရင်းကိုလည်း မသိရသေးပါဘူး။

''မနက် ၅ နာရီလောက်မှာ မီးလောင်တယ်ဆိုပြီး ရပ်ကွက်ထဲ သံပုံးတွေတီးကြ၊ သံချောင်းတွေခေါက်တာမျိုးရှိခဲ့တယ်။ တစ်လမ်းကျော် လောက်က ထွက်ကြည့်တာတောင် မီးအပူရှိန်ဟပ်တာကို ခံစားရတယ်'' လို့ ရပ်ကွက်နေ မျက်မြင်တစ်ဦးက ပြောပါတယ်။

ရပ်ကွက်ထဲကို မီးပေးတဲ့ ထရန်စဖော်မာ ပျက်လို့ မီးပြတ်တာရှိခဲ့ပေမဲ့ ချက်ချင်းလာပြန်လဲသွားလို့ မနက် ၈ နာရီမှာ မီးပြန်လာတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

အဲဒီရပ်ကွက်ရုံးမှာ ပြီးခဲ့တဲ့ ၂ ရက်လောက်က ရပ်ကွက်နေသူတွေက လူတန်းရှည် ဧည့်စာရင်းတိုင်တန်းတာမျိုးလည်းရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ညမထွက်ရအမိန့်ထုတ်ပြန်ထားတဲ့ ကာဖျူးချိန်အတွင်းနဲ့ မနက်ခင်းအစောပိုင်းတွေမှာ ရန်ကုန်မြို့နယ်တချို့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ မီးလောင်တာတွေ ဖြစ်ထားပြီး အခုဖြစ်ရပ်က နောက်ဆုံးဖြစ်ထားတဲ့မီးလောင်မှု ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

တာမွေ မအူကုန်းရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံး မီးလောင်  တာမွေ မအူကုန်းရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံး မီးလောင် Reviewed by THITHTOOLWIN on 21:21 Rating: 5

No comments:

Powered by Blogger.