မင်းတပ်မြို့တွင်ယာယီအပစ်ရပ်ထား


ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)သို့မင်းတပ်မြို့မိမြို့ဖများမှတဆင့်မုံရွာအခြေစိုက်အနောက်မြောက်တိုင်းဒုတိုင်းမှူးမှတိုက်ရိုက်ဆက်သွယ်ပြီးညှိနှိုင်းလာခြင်းကြောင့် ခဏတာအပစ်ရပ်ထားကြောင်းသိရပါသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)ဘက်မှ​တောင်းဆိုမူများမှာ

၁။တက်လာသောအင်အားများနှင့်မတူပီဘက်မှဆင်းလာသောတပ်များချက်ချင်းနောက်ဆုတ်ရန်။

၂။ဖမ်းဆီးခံပြည်သူများချက်ချင်းလွှတ်ရန်။

၃။မြို့တွင်းတပ်စွဲထားသည့်နေရာများချက်ချင်းရုတ်သိမ်းရန်။တို့ဖြစ်သည်။

ဒုတိုင်းမှူးဘက်မှ​မြို့ပြင်ရှိတပ်များကို မင်းတပ်မြို့ရှိ (၂၇၄)တပ်ရင်းသို့ဝင်ခွင့်ပေးရန်တောင်းဆိုပြီးပြည်သူ့ကာကွယ်ရေးတပ်မှလုံးဝလက်မခံဟုအကြောင်းပြန်ထားကြောင်းမင်းတပ်ဒေသခံများကသတင်းပေးပို့သည်။

လက်ရှိအခြေအနေတွင်တပ်ဘက်မှအပစ်ရပ်ထားပြီးမကြာမီအကြောင်းပြန်မည်ဟုဆိုသည်။

ယနေ့တက်လာသောစစ်ကောင်စီတပ်များ ထွဋ်ခေါင်ကြီးကုမ္ပဏီ(ဂေါ့ဖ်ကွင်း)တွင်တပ်စွဲထားကြောင်း၊စစ်ကောင်စီတပ်များအရပ်ဝတ်ဖြင့်ကျောက်ထုဘက်မှဆက်လက်တက်လာသည်ဟုကြားရကြောင်းမင်းတပ်ဒေသခံများကလက်ရှိမင်းတပ်မြို့အခြေအနေကိုသတင်းပေးပို့သည်။

မင်းတပ်အခြေအနေ ည ၇ နာရီ

မင်းတပ်မြို့တွင်စစ်ကောင်စီနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြားဆွေးနွေးပွဲပျက်ပြယ်ကာညနေ ၆ နာရီနောက်ပိုင်းတိုက်ပွဲပြန်လည်ဖြစ်ပွားနေသည်ဟုသတင်းကိုချင်း​ေ၀ါလ်မှ မင်းတပ်မြို့ပေါ်ရပ်ကွက် ၄ ခု မှ ဒေသခံ ၆ ဦးအထိလိုက်လံမေးမြန်းသော်လည်း ပစ်ခတ်သံများမကြားရသေးကြောင်း၊ဆွေးနွေးပွဲပျက်ပြယ်သည်ကိုလည်းမကြားမိကြောင်းဖြေကြားသဖြင့်အဆိုပါသတင်းကိုအတည်မပြုနိုင်သေးပါ။ မင်းတပ်တွင်တိုက်ပွဲများပြန်လည်ဖြစ်ပွားပါက ညနက်ပိုင်းသန်းခေါင်ယံမိုးမလင်းခင်လူအိပ်ချိန်များတွင်သာဖြစ်ပွားနိုင်ကြောင်း ဒေသခံများကသုံးသပ်ကြပါသည်။


Chin World

https://www.facebook.com/Chin-World-167011980026853

မင်းတပ်မြို့တွင်ယာယီအပစ်ရပ်ထား မင်းတပ်မြို့တွင်ယာယီအပစ်ရပ်ထား Reviewed by THITHTOOLWIN on 20:42 Rating: 5

No comments:

Powered by Blogger.