မင်းတပ်မြို့မှာစစ်ကောင်စီတပ်ဖွဲ့နှင့်ပြည်သူများအကြားယနေ့ညနေ ၃ နာရီ၀န်းကျင်မှစပြီးတိုက်ပွဲဖြစ်ပွား



Share/Bookmark
ပုံ-မင်းတပ်မြို့

မင်းတပ်မြို့ဂေါက်ကွင်းနားမှာယနေ့ညနေ ၃ နာရီ၀န်းကျင်ကစပြီးစစ်ကောင်စီတပ်ဖွဲ့နှင့်ဒေသခံပြည်သူများအကြားအပြန်အလှန်ပစ်ခတ်မူတွေယခုထိတောက်လျှောက်ဖြစ်ပွားနေကြောင်း ဒေသခံတချို့ကသတင်းပေးပို့ပါတယ်။

"ညနေ ၃ နာရီ ၀န်းကျင်လောက်က ဂေါက်ကွင်းနားမှာအပြန်အလှန်ပစ်ခတ်ကြတာ အခုသေနတ်သံတွေကမြို့ထဲနဲ့နီးလာပြီ "ဟုမင်းတပ်ဒေသခံ ၁ ဦးကသတင်းပေးပို့သည်။

ဧပြီလ ၂၄ ရက်နေ့မှာမင်းတပ်မြို့ကသပိတ်မှာပါ၀င်တဲ့ အမျိုးသမီး ၄ ဦး၊အမျိုးသား ၃ ဦးအပါအ၀င်စုစုပေါင်း ၇ ဦး ကို ဧပြီလ ၂၄ ရက် နေ့လည်ကစစ်ကောင်စီတပ်ဖွဲ့၀င်တွေကဖမ်းဆီးသွားလို့မင်းတပ်မြို့မစျေးရှေ့မှာလူငယ်တွေကပြန်လွှတ်ပေးဖို့တောင်းဆိုခဲ့ကြပေမယ့်ပြန်မလွှတ်ပေးခဲ့ရာကစပြီးစစ်ကောင်စီတပ်ဖွဲ့၀င်တွေနဲ့မင်းတပ်ဒေသခံပြည်သူများအကြားတင်းမာမူဖြစ်ပွားကာ ဧပြီလ ၂၄ ရက် ညမှာ စတင်ပြီးအပြန်အလှန်ပစ်ခတ်မူတွေရှိခဲ့ခြင်းဖြစ်သည်။


Chin World

https://www.facebook.com/Chin-World-167011980026853



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ