ရန်ကုန်၊ ဦးချစ်မောင်လမ်း ပစ်ခတ်မှု စည်ပင်ဝန်ထမ်းတစ်ဦး သေဆုံး

ရန်ကုန်၊ ဦးချစ်မောင်လမ်း ပစ်ခတ်မှု စည်ပင်ဝန်ထမ်းတစ်ဦး သေဆုံး ဧပြီလ ၁ ရက်နေ့က ဦးချစ်မောင်လမ်းပေါ်မှာ တွေ့ရတဲ့ စစ်ကောင်စီတပ်သားများ။ Photo: Citizen Journalist

ရန်ကုန်၊ ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်းပေါ်မှာ ဒီကနေ့ညနေပိုင်း ပစ်ခတ်မှုကြောင့် လူငယ်တစ်ဦး သေနတ်ကျည်ထိမှန်ပြီး သေဆုံးသွားတယ်လို့ မျက်မြင်တွေ့သူက RFA ကိုပြောပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို တရွတ်တိုက်ဆွဲသွားပြီး စစ်တပ်ကသိမ်းယူသွားတယ်လို့လည်း အဲ့ဒီမျက်မြင်တွေ့သူက ပြောပါတယ်။

သေဆုံးသူ ဘယ်သူဘယ်ဝါဆိုတာ ရပ်ကွက်လိုက်လံစုံစမ်းတဲ့ အခါမှာတော့ အသက် ၂၀ အရွယ် စည်ပင်ဝန်ထမ်း လူငယ်တစ်ဦးဖြစ်တယ်လို့ သိရကြောင်းလည်း RFA ကိုပြောပါတယ်။ ဒီသေဆုံးသူနဲ့ ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီနေ့ ညနေ ၃ နာရီလောက်က ဦးချစ်မောင်လမ်းပေါ်မှာ အသံမိုင်းတစ်လုံးပေါက်ကွဲပြီးခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ အဲ့ဒီအနီး ရပ်ကွက်လမ်းတွေကို ခြောက်လန့် ပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

ဆန္ဒပြတဲ့သူတွေလည်း မရှိဘဲ ခြောက်လှန့်ပစ်ခတ်ရင်းက လူငယ်တစ်ဦး ကျည်ထိမှန် သေဆုံးရတာဖြစ်ပါတယ်။

ရပ်ကွက်နေသူတစ်ဦးနဲ့ RFA က ဒီည ၇ နာရီကျော်က ဖုန်းဆက်သွယ်ပြောချိန်မှာတော့ ထပ်မံပစ်ခတ်တာတွေ မရှိတော့ ပေမယ့် စစ်ကောင်စီတပ်တွေဟာ ဦးချစ်မောင်လမ်းကနေ ရပ်ကွက်တွင်းဝင်တဲ့ လမ်းသွယ်တွေဖြစ်တဲ့ မင်းလမ်း၊ မြလမ်း၊ ရတနာလမ်း စတဲ့ လမ်းထိပ်တွေမှာ သေနတ်တွေနဲ့ စောင့်နေကြတယ်လို့ ပြောပါတယ်။

ဒီကနေ့ညနေပိုင်းကစပြီး ဦးချစ်မောင်လမ်းပေါ်မှာ စစ်ကောင်စီတပ်တွေက လမ်းသွားလမ်းလာကားတွေကို စစ်ဆေးနေပါတယ်။

ဦးချစ်မောင်လမ်းပေါ်က ရတနာပန်းခြံထဲမှာလည်း ဒီနေ့ ဗုံးတစ်လုံးပေါက်ကွဲခဲ့ပါတယ်။ RFA ကကောက်ယူထားတဲ့ စာရင်းတွေအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းချိန်ကစလို့ ဒီနေ့ထိ စစ်ကောင်စီရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးရတဲ့သူ ၇၀၀ ကျော်ရှိသွားပါပြီ။


RFA Burmese

https://www.rfa.org/burmese/news/yangon-ycdc-staff-death-04132021092404.html

ရန်ကုန်၊ ဦးချစ်မောင်လမ်း ပစ်ခတ်မှု စည်ပင်ဝန်ထမ်းတစ်ဦး သေဆုံး ရန်ကုန်၊ ဦးချစ်မောင်လမ်း ပစ်ခတ်မှု စည်ပင်ဝန်ထမ်းတစ်ဦး သေဆုံး Reviewed by THITHTOOLWIN on 20:46 Rating: 5

No comments:

Powered by Blogger.