လာအိုဝန်ကြီးချုပ်နဲ့ ဖုန်းပြောစဉ်မှာ မြန်မာနိုင်ငံအရေးကို ဝန်ကြီးချုပ် ဆူဂါ ထည့်သွင်းပြောခဲာ |
မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ အကြီးအကျယ် စိုးရိမ်မိတယ်လို့ ဂျပန်ဝန်ကြီးချုပ် ယိုရှိဟီဒေး ဆူဂါက လာအို ဝန်ကြီးချုပ် ဖန်ခမ်း ဗီဖာဗန်းနဲ့ ဒီကနေ့ ဖုန်းပြောစဉ် ထုတ်ဖော် ပြောခဲ့ပါတယ်။
အရပ်သားပြည်သူတွေကို အင်အားသုံး ပစ်ခတ်နေတာတွေ အမြန်ဆုံး ရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား ထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးဖို့၊ ဒီမိုကရေစီနည်းကျတဲ့ နိုင်ငံရေးလမ်းကြောင်းကို အမြန်ဆုံး ပြန်သွားဖို့ အာဏာသိမ်း စစ်တပ်ကို သူ ဆက်ဖိအားပေးသွားမှာ ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဆူဂါက ကတိပြု ပြောခဲ့တယ်လို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အခြေအနေတွေ တိုးတက်လာရေးအတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ ကြိုးပမ်းမှုကိုလည်း ချီးကျူးပါကြောင်း မစ္စတာ ဆူဂါက မစ္စတာ ဖန်ခမ်းကို ပြောခဲ့ပါတယ်။
BBC Burmese
မြန်မာအာဏာသိမ်း စစ်တပ်ကို ဆက်ဖိအားပေးသွားမယ်လို့ ဂျပန်ဝန်ကြီးချုပ်ပြော
Reviewed by THITHTOOLWIN
on
21:08
Rating:
No comments:
Post a Comment