စီးပွားရေးပညာရှင် ရှောင် တာနဲလ်ကို ချက်ချင်း လွှတ်ပေးဖို့ ဩစတြေးလျ တောင်းဆို

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလ ၆ ရက် ကတည်းက ဖမ်းဆီးခံထားရတဲ့ ဩစတြေးလျနိုင်ငံသား စီးပွားရေး အကြံပေး မစ္စတာ ရှောင် တာနဲလ်ကို အမြန်ဆုံး လွှတ်ပေးဖို့ စစ်ကောင်စီကို ဩစတြေးလျနိုင်ငံက ထပ်မံတောင်းဆို လိုက်ပါတယ်။

“မစ္စတာ ရှောင်တာနဲလ်ကို ဖမ်းထားတဲ့ အကြောင်းပြချက်တွေနဲ့ ပတ်သက်လို့ တရားဝင် သတင်းအချက်အလက်တွေ သိရအောင် မြန်မာပြည်မှာရော ဩစတြေးလျနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကနေတဆင့်ရော ဆက်လက်စုံစမ်းနေတယ်။ ပါမောက္ခရှောင်တာနဲလ်ကို ဩစတြေးလျမှာရှိတဲ့ သူ့မိသားစုထံပြန်ခွင့်ပေးဖို့ စစ်ကောင်စီကို တောင်းဆိုတယ်”ဩစတြေးလျ နိုင်ငံခြားရေးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

မစ္စတာရှောင်တာနဲလ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် တရားရုံးမှာ တရားစွဲဆိုထားပြီး လာမယ့် ဧပြီလ ၈ ရက်နေ့မှာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးဖို့ ရှိတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဘီဘီစီကို ပြောထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ မစ္စတာ ရှောင်တာနဲလ်ကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၃ (၁)၊ အစိုးရလျှို့ဝှက်ချက်များ ဥပဒေ ၃/၁ (ဃ) တို့နဲ့ စစ်ဆေးနေတယ်လို့ ပြောထားပါတယ်။

မစ္စတာရှောင်တာနဲလ်အပြင် နောက်ထပ် သြစတြေးလျနိုင်ငံသား နှစ်ဦး သီးခြားဖမ်းဆီးခံထားရပေမယ့် သူတို့နဲ့ ပတ်သက်လို့လည်း ဘာမှ မသိရသေးပါဘူး။ 


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

စီးပွားရေးပညာရှင် ရှောင် တာနဲလ်ကို ချက်ချင်း လွှတ်ပေးဖို့ ဩစတြေးလျ တောင်းဆို  စီးပွားရေးပညာရှင် ရှောင် တာနဲလ်ကို ချက်ချင်း လွှတ်ပေးဖို့ ဩစတြေးလျ တောင်းဆို Reviewed by THITHTOOLWIN on 22:32 Rating: 5

No comments:

Powered by Blogger.