မန္တလေး မြတောင်သပိတ်လူငယ်တွေရဲ့ တရော်ကင်ပွန်းသပိတ်

မန္တလေး မြတောင်သပိတ်လူငယ်တွေရဲ့ တရော်ကင်ပွန်းသပိတ်

မန္တလေးမြို့ မြတောင်သပိတ်စစ်ကြောင်းက အမျိုးသမီးလူငယ်တွေဟာ ဒီနေ့ ဧပြီလ ၁၃ ရက်မှာ လူမဲ့တရော်ကင်ပွန်းသပိတ် ပြုလုပ်ခဲ့သလို စစ်အာဏာရှင်ဆန့်ကျင်ရေးအပြင် လူထုအချင်းချင်းအားပေးစကားပါတဲ့စာတွေကိုလည်း တရော်ကင်ပွန်းခေါင်းလျှော်ရည်ထုတ်နဲ့အတူ မျှဝေတာတွေပြုလုပ်ခဲ့ပါတယ်။

မြန်မာနှစ်သစ်ကူးမှာ အညံ့တွေပျောက်ဖို့ ဒီနေ့ သင်္ကြန်အကြိုနေ့မှာ တရော်ကင်ပွန်းနဲ့ခေါင်းလျှော်ကြဖို့ လူမှုကွန်ယက်ပေါ်မှာ ရေးသားပြောဆိုမှုတွေလည်း ရှိခဲ့အပြီး အခုလှုပ်ရှားမှု ထွက်ပေါ်လာတာပါ။

မန္တလေး မြတောင်သပိတ်လူငယ်တွေရဲ့ တရော်ကင်ပွန်းသပိတ်

မြတောင်စစ်ကြောင်းဟာ နေ့စဉ် စစ်အာဏာသိမ်းဆန့်ကျင်သပိတ်မှောက်လို့ စစ်ကောင်စီကနေ အကြမ်းဖြိုခွင်းတာ အကြိမ်ကြိမ်ကြုံရတဲ့ဆန္ဒပြသပိတ်စစ်ကြောင်းဖြစ်ပါတယ်။

ဖေဖော်ဝါရီလက စတဲ့ စစ်အာဏာသိမ်းမှုကို ဆန္ဒပြမှုတွေ အတွင်း မြတောင်သပိတ်စစ်ကြောင်းက လူအယောက် ၁၀၀ ဝန်းကျင် ဖမ်းဆီးခံရသလို သပိတ်ဖြိုခွင်းစဉ် ကျည်မှန်သေဆုံးသူ အနည်းဆုံး ၃ဦးရှိခဲ့ပါပြီ။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

မန္တလေး မြတောင်သပိတ်လူငယ်တွေရဲ့ တရော်ကင်ပွန်းသပိတ် မန္တလေး မြတောင်သပိတ်လူငယ်တွေရဲ့ တရော်ကင်ပွန်းသပိတ် Reviewed by THITHTOOLWIN on 20:56 Rating: 5

No comments:

Powered by Blogger.