ဘင်္ဂလားပင်လယ်အော်ထဲ တပ်မတော်ရေက ရက်ချီ စစ်ရေးလေ့ကျင့်မယ်လို့ကြေညာ

အောက်တိုဘာလတုန်းက ပြုလုပ်ခဲ့သည့်ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်း

တပ်မတော်ရေက စစ်ရေယာဉ်တွေဟာ ဘင်္ဂလားပင်လယ်အော်ထဲမှာ ဒီနေ့ ဧပြီလ ၄ ရက်ကနေ ၁၁ ရက်အထိ စစ်ရေးလေ့ကျင့်မှာဖြစ်လို့ လေ့ကျင့်ခန်းဧရိယာ ၃ ခုအတွက် ရေကြောင်းနဲ့ လေကြောင်း သတိပေးချက်ကို ထုတ်ပြန်လိုက်ပါတယ်။

စစ်နည်းဗျူဟာအဆင့် ရေပြင်နဲ့ရေအောက် စစ်ဆင်မှုသာမက ဝေဟင်လေ့ကျင့်မှုမှာပါမယ့်အပြင် ပစ်ခတ်လေ့ကျင့်တာတွေလည်းပါမယ်လို့ နိုင်ငံပိုင်သတင်းစာမှာပါတဲ့ကြေညာချက်မှာဖော်ပြထားပါတယ်။

ဒါ့ကြောင့် လေ့ကျင့်ခန်း ဆောက်ရွက်နေစဉ်ကာလမှာ ဘေးအန္တရာယ်ကင်းဖို့ အဲဒီသတ်မှတ်ဧရိယာတွေရဲ့ ၁၅ မိုင်ပတ်လည်မှာ သင်္ဘောကြီးငယ်၊ ကုန်တင်စက်လှေ၊ ငါးဖမ်းသင်္ဘော၊ စက်တပ်သမ္ဗန်တွေ ဖြတ်သွားတာ၊ ကျောက်ချရပ်တာ၊ ငါးဖမ်းထား၊ ငါးဖမ်းကိရိယာတွေလည်း ချထားတာမျိုး မရှိဖို့ ကြေညာထားပါတယ်။

ဒါ့အပြင် လေယာဉ်၊ ရဟတ်ယာဉ်တွေလည်း ပေပေါင်း ၁၅,၀၀၀ နေ ဖြတ်ကျော် ပျံသန်းတာမလုပ်ဖို့ အသိပေးချက်ထုတ်ထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56582387

ဘင်္ဂလားပင်လယ်အော်ထဲ တပ်မတော်ရေက ရက်ချီ စစ်ရေးလေ့ကျင့်မယ်လို့ကြေညာ  ဘင်္ဂလားပင်လယ်အော်ထဲ တပ်မတော်ရေက ရက်ချီ စစ်ရေးလေ့ကျင့်မယ်လို့ကြေညာ Reviewed by THITHTOOLWIN on 20:36 Rating: 5

No comments:

Powered by Blogger.