စမ်းချောင်း ညောင်တုန်းလမ်း ဆေးကုပေးနေတဲ့ ဓမ္မာရုံကို အကြမ်းဖက်စစ်တပ် ဝင်ဖမ်း




ရန်ကုန် (၅/၄/၂၀၂၁)

ဒဏ်ရာရသူတွေကို ဆေးကုသပေးနေတဲ့ ဓမ္မာရုံကို စစ်သားအလုံးအရင်းနဲ့ ဒီကနေ့ နေ့လယ်က  အကြမ်းဖက် ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

အရေးပေါ်ဆိုင်ရာ ဆေးပစ္စည်း ကိရိယာများ၊ လမ်းလုံခြုံရေးအတွက် တပ်ဆင်ထားတဲ့ CCTV ဆက်စပ်ပစ္စည်းများနဲ့ အခြားပစ္စည်းများကို သိမ်းသွားသလို ကင်းသမား တဦးနဲ့ ဆရာဝန်မလေးတဦး အပါအဝင် ဆေးဝန်ထမ်း ၉ ဦးကို လက်ထိပ်ခတ် ဖမ်းဆီးသွားတာလို့ ညောင်တုန်းလမ်းနေသူတွေက ပြောပါတယ်။

ရပ်ကွက်ဒလန်က သတင်းပေးလို့ အကြမ်းဖက်စစ်တပ်က သိသွားပြီး အခုလို ဝင်ဖမ်းခဲ့တာလို့လဲ ပြောပါတယ်။


Burma News Network

https://www.facebook.com/burmanewsnetwork


စမ်းချောင်း ညောင်တုန်းလမ်း ဆေးကုပေးနေတဲ့ ဓမ္မာရုံကို အကြမ်းဖက်စစ်တပ် ဝင်ဖမ်း စမ်းချောင်း  ညောင်တုန်းလမ်း ဆေးကုပေးနေတဲ့ ဓမ္မာရုံကို  အကြမ်းဖက်စစ်တပ် ဝင်ဖမ်း Reviewed by THITHTOOLWIN on 20:53 Rating: 5

No comments:

Powered by Blogger.