သတင်းပေးကြောင့် တာမွေမှာ ကိုးတန်းကျောင်းသားလေးယောက် ဖမ်းခံရ




ရန်ကုန်၊ဧပြီ ၂၅၊၂၀၂၁

ဒလန်တစ်ဦး သတင်းပေးမှုကြောင့် ဒီနေ့ ဧပြီ ၂၅ ရက် နေ့လယ်က တာမွေမြို့နယ် ကျားကွက်သစ်လမ်းမှာ အသက်မပြည့်သေးတဲ့ ၉ တန်းကျောင်းသား ၄ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

"ဒလန်က အဲ့တိုက်ဆိုပြီး ထိုးပြတယ် စစ်သားတွေက တက်ဖမ်းတယ် ဆန္ဒပြတဲ့အထဲမှာလည်း မပါဘူးကလေးတွေပဲရှိသေးတယ် ကောင်မလေးဆို ရိုက်နှက်ပြီးခေါ်သွားတာ"လို့ ကျားကွက်သစ်လမ်းမှာ နေထိုင်သူတစ်ဦးက VOMကို ပြောပါတယ်။

လက်ရှိအခြေအနေထိ  တာမွေ ကျောက်မြောင်း ထဲမှာ စစ်တပ်က ရှာဖွေဖမ်းဆီးတာတွေ လုပ်နေပြီး VOMအနေနဲ့  ဖမ်းဆီးခံရသူ လေး ဦးကိုသာ အတည်ပြုနိုင်ပါသေးတယ်။

စစ်တပ်က ဖမ်းဆီးမှုတွေများနေပေမယ့် တာမွေကျောက်မြောင်းမှာရှိတဲ့ လူငယ်တွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးကို နေ့စဥ်နဲ့အမျှ ပြုလုပ်နေတာ ဖြစ်ပါတယ်။


အေးချမ်းသူ(VOM)

Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews

သတင်းပေးကြောင့် တာမွေမှာ ကိုးတန်းကျောင်းသားလေးယောက် ဖမ်းခံရ သတင်းပေးကြောင့် တာမွေမှာ ကိုးတန်းကျောင်းသားလေးယောက် ဖမ်းခံရ Reviewed by THITHTOOLWIN on 21:40 Rating: 5

No comments:

Powered by Blogger.