သံအမတ်ကြီး ဦးကျော်စွာမင်းကို ဗြိတိန်မှာဆက်နေဖို့ ဗြိတိန်အစိုးရခွင့်ပြု

ရာထူးကဖယ်ရှားခံရသူ ဗြိတိန်ဆိုင်ရာ မြန်မာသံအမတ် ဦးကျော်စွာမင်း

ရာထူးကဖယ်ရှားခံရသူ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းကို သူ့ရှေ့ရေးအတွက် စဉ်းစားဆုံးဖြတ်နေချိန် ဆက်ပြီးနေခွင့်ပြုထားမယ်လို့ ဗြိတိန်အစိုးရက သောကြာနေ့၊ ဒီကနေ့မှာ ပြောလိုက်ပါတယ်။

ZAWGYI/UNICODE ရာထူးကဖယ်ရှားခံရသူ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းကို သူ့ရှေ့ရေးအတွက် စဉ်းစားဆုံးဖြတ်နေချိန် ဆက်ပြီးနေခွင့်ပြုထားမယ်လို့ ဗြိတိန်အစိုးရက သောကြာနေ့၊ ဒီကနေ့မှာ ပြောလိုက်ပါတယ်။

ဦးကျော်စွာမင်းဟာ ဧပြီလ ၈ ရက်နေ့က သံရုံးအပြင်ဘက်ကို ခေတ္တထွက်သွားခဲ့တဲ့အချိန် စစ်သံမှူး ဗိုလ်မှူးကြီးစိုးအောင်နဲ့ သံမှူးကြီး ဦးချစ်ဝင်းတို့ပေါင်းပြီး သံရုံးကို ယူလိုက်ပြီးတော့ သံအမတ်ကြီး ဦးကျော်စွာမင်းကို သံရုံးထဲ ပေးမဝင်တော့တာဖြစ်ပါတယ်။

သံအမတ်ကြီးကို သံရုံးထဲဝင်ခွင့်မပေးဘဲ ပိတ်ပင်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ လန်ဒန်မြို့ကလုပ်ရပ်ကို ပြစ်တင်ရှုတ်ချတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဌာနရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေအတွက် သတ္တိရှိရှိ ရပ်တည်ဆောင်ရွက်ပေးခဲ့တဲ့ ဦးကျော်စွာမင်းရဲ့ လုပ်ရပ်တွေအတွက် ချီးကျူးဂုဏ်ပြုပါကြောင်းလည်း ဖော်ပြပါတယ်။ ဦးကျော်စွာမင်းကို အနိုင်ကျင့်တဲ့လုပ်ရပ်ကြောင့် သူ့ရဲ့ဘဝရှေ့ရေးအတွက် စဉ်းစားဆုံးဖြတ်နေချိန် အန္တရာယ်ကင်းကင်းနေနိုင်ရေးအတွက် အင်္ဂလန်နိုင်ငံမှာ ဆက်လက်နေထိုင်ခွင့်ပေးသွားမှာဖြစ်ပါတယ်လို့လည်း ဗြိတိန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

UNICODE ရာထူးကဖယ်ရှားခံရသူ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းကို သူ့ရှေ့ရေးအတွက် စဉ်းစားဆုံးဖြတ်နေချိန် ဆက်ပြီးနေခွင့်ပြုထားမယ်လို့ ဗြိတိန်အစိုးရက သောကြာနေ့၊ ဒီကနေ့မှာ ပြောလိုက်ပါတယ်။


VOA (မြန်မာပိုင်း)

https://burmese.voanews.com/a/britain-allows-ousted-myanmar-ambassador-to-stay-on/5846815.html

သံအမတ်ကြီး ဦးကျော်စွာမင်းကို ဗြိတိန်မှာဆက်နေဖို့ ဗြိတိန်အစိုးရခွင့်ပြု သံအမတ်ကြီး ဦးကျော်စွာမင်းကို ဗြိတိန်မှာဆက်နေဖို့ ဗြိတိန်အစိုးရခွင့်ပြု Reviewed by THITHTOOLWIN on 21:08 Rating: 5

No comments:

Powered by Blogger.