သံလွင်မြစ်အတွင်း သွားလာသည့်စက်လှေ ထပ်မံပစ်ခတ်ခံရ



Share/Bookmark
ပြီးခဲ့သည့် ဧပြီလ ၁၇ရက်နေ့တွင် ပစ်ခတ်ခံရသည့် စက်လှေ

ဧပြီ ၂၀ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး မူတြော် (ဖာပွန်)ခရိုင်၊ တပ်မဟာ(၅) ထိန်းချုပ်နယ်မြေ ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ပေါ်တွင် သွားလာနေသည့် စက်လှေတစ်စီးကို ယနေ့ (ဧပြီ ၂၀) နံနက် ၉ နာရီ ဝန်းကျင်ခန့်က စစ်ကောင်စီတပ်၏ ထပ်မံပစ်ခတ်ခြင်းခံခဲ့ရသည်ဟု သိရသည်။

အဆိုပါ ပစ်ခတ်ခံရသည့် စက်လှေမှာ သောလယ်ထာ့ရွာမှ စက်လှေဖြစ်ပြီး တစ်ဖက်ကမ်းရွာ၌ အလှူလုပ်ရန်အတွက် ကြက်သွားရောက်ပို့ဆောင်စဉ် သံလွင်မြစ်ကမ်းဘေးရှိ အူးသူးထာ့ စစ်ကောင်စီတပ်စခန်းမှ သေနတ်ဖြင့် ပစ်ခတ်နေခြင်းဖြစ်သည်ဟု စက်လှေသမား၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါနေရာကို ဖြတ်သွားပါက တပ်စခန်းထံအသိပေး အကြောင်းကြားရမည်ဟု စစ်ကောင်စီတပ်မှ စက်လှေ သမားအချို့ကို သတိပေးပြောဆိုထားမှုရှိသလို ယနေ့ပစ်ခတ်ခံရသည့်လှေမှာ စက်လှေမောင်းသူမှ သွားရောက် အသိပေးအကြောင်းမကြားရသေးခင်အချိန်တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ စက်လှေ မောင်းသူ တစ်ဦးက ပြောသည်။

၎င်းက “ဟိုဘက်ကမ်းမှာ ရိုးရာလက်ချည်ဖို့ကြက်သွားပို့တာ သူသွားတာက သူ့သူငယ်ချင်း ထိုင်းစစ်သား တစ်ယောက်လည်းပါတယ် ။ ပစ်တာမထိဘူးလို့တော့ ပြောတယ်။ စက်လှေပစ်ခံရတော့ အဲဒီထိုင်းစစ်သားကို ထိုင်းဘက်ကမ်းမှာ ခဏပြန်ချထားပြီးတော့ စက်လှေသမားက ဗမာစခန်းကိုသွားပြီး သွားမယ့်ကိစ္စ အကျိုး အကြောင်းရှင်းပြရတယ်။ အဲဒီလို သွားအကြောင်းကြားပြီးတော့မှ ပစ္စည်းသွားပို့လို့ရတာ ။ ” ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ ဒေသတွင်း သွားလာသည့် လှေများကို ကမ်းနံဘေးရှိ အခြေချနေသည့် စစ်ကောင်စီတပ်စခန်းထံ အသိ ပေးအကြောင်းကြားရမှုနှင့် ပတ်သက်၍ ယခင်ကမရှိခဲ့သလို ယခုအချိန်တွင် သွားလာနေသည့် စက်လှေ များ သည် ၎င်းတပ်စခန်းများထံ အသိပေးအကြောင်းခြင်းမလုပ်ဆောင်ပါက စက်လှေကို ပစ်ခတ်မည်ဟု အာဏာ သိမ်းစစ်ကောင်စီတပ်ဘက်မှ စက်လှေသမားများကို ခြိမ်းခြောက်ပြောဆိုထားခြင်းရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၇ ရက် (စနေနေ့)တွင်လည်း အဆိုပါ သံလွင်မြစ်ပေါ်တွင် သွားလာနေသည့် စက်လှေ ၅ စီးကိုလည်း မယ်ခါးထာ စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်မှုများလုပ်ဆောင်ခဲ့သည့်အတွက် ယခုအချိန်တွင် စက်လှေများ ဖြတ်သန်းသွားလာ၍ မရဲကြတော့ကြောင်း သိရသည်။

KNU မူတြော်ခရိုင်၊ တပ်မဟာ ၅ နယ်မြေအတွင်းရှိ သံလွင်မြစ်ကမ်းနံဘေး တစ်လျှောက် သော လယ်ထာ့နေ ရာမှ မယ်နူထာ့အထိ စပ်ကြားတွင် စစ်ကောင်စီတပ်ဘက်မှ ချထားသည့် တပ်စခန်း စုစုပေါင်း ၆ ခုရှိသည်ဟု သိရသည်။


Karen Information Center -KIC

https://www.facebook.com/KICNewsPage



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ