မြန်မာစစ်တပ်နဲ့ စီးပွားလုပ်တဲ့ အိန္ဒိယက Adani ဆိပ်ကမ်းကုမ္ပဏီကို ကန် အစုရှယ်ယာစျေးက ထုတ်တော့မည်

အိန္ဒိယအခြေစိုက် Adani ဆိပ်ကမ်းများနဲ့ အထူးစီးပွားရေးဇုန်လီမိတက်က အလုပ်သမားတချို့ကို အိန္ဒိယနိုင်ငံ Mundra ဆိပ်ကမ်းမှာတွေ့ရ။ (ဧပြီ ၀၂၊ ၂၀၁၄)

လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ထားတဲ့ မြန်မာစစ်တပ်နဲ့ စီးပွားရေး တွဲလုပ်နေတဲ့ အိန္ဒိယအခြေစိုက် Adani ဆိပ်ကမ်းများနဲ့ အထူးစီးပွားရေးဇုန်လီမိတက်ကို S&P အစုရှယ်ယာ အညွှန်းကိန်းစာရင်းထဲကနေ ထုတ်ပစ်တော့မယ်လို့ S&P Dow Jones Indices ကုမ္ပဏီက ဒီကနေ့ ကြေညာပါတယ်။

Adani ကုမ္ပဏီဟာ မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဆီကနေ ရန်ကုန်မှာ မြေငှားပြီး ဒေါ်လာ သန်း ၂၉၀ ကုန်ကျမယ့် ဆိပ်ကမ်းတစ်ခုကို တည်ဆောက်နေတာပါ။

S&P Down Jones Indices ကုမ္ပဏီရဲ့ကြေညာချက်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ Adani ကုမ္ပဏီကို ရိုက်တာသတင်းဌာနက အီးမေးလ်နဲ့ ဆက်သွယ်ခဲ့ပေမဲ့ အကြောင်းမပြန်ခဲ့ပါဘူး။

MEC ကို Adani ကုမ္ပဏီက ဒေါ်လာသန်းပေါင်းများစွာပေးဖို့ သဘောတူထားတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြခဲ့ပြီးတဲ့နောက် ဒီဆိပ်ကမ်းစီမံကိန်းနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေ၊ သက်ဆိုင်သူတွေနဲ့ ညှိနှိုင်းသွားမယ်လို့ Adani Group က ပြီးခဲ့တဲ့လမှာ ပြောထားပါတယ်။

Adani ကုမ္ပဏီကို လာမယ့် ကြာသပတေးနေ့ အစုရှယ်ယာစျေးကွက် မဖွင့်ခင်မှာ အစုရှယ်ယာ အညွှန်းကိန်းစာရင်းထဲကနေ ဖယ်ရှားပစ်မှာဖြစ်တယ်လို့ S&P Dow Jones Indices ကုမ္ပဏီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ အစုရှယ်ယာစျေးကွက်မှာတော့ Adani ကုမ္ပဏီရဲ့ အစုရှယ်စျေးဟာ ၁.၈% ကျော် ကျသွားခ့ပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံကိစ္စနဲ့ပတ်သက်ပြီး Adani ကုမ္ပဏီရဲ့ အစုရှယ်ယာတန်ဖိုးအပေါ် ထိခိုက်မှုရှိလှတာ မဟုတ်ဘဲ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းကဆိုရင် ရှယ်ယာတန်ဖိုး ၄၀% လောက် တက်ခဲ့ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/adani-ports-to-be-removed-from-snp-index-due-to-business-links-with-myanmar-military/5851071.html

မြန်မာစစ်တပ်နဲ့ စီးပွားလုပ်တဲ့ အိန္ဒိယက Adani ဆိပ်ကမ်းကုမ္ပဏီကို ကန် အစုရှယ်ယာစျေးက ထုတ်တော့မည် မြန်မာစစ်တပ်နဲ့ စီးပွားလုပ်တဲ့ အိန္ဒိယက Adani ဆိပ်ကမ်းကုမ္ပဏီကို ကန် အစုရှယ်ယာစျေးက ထုတ်တော့မည် Reviewed by THITHTOOLWIN on 20:51 Rating: 5

No comments:

Powered by Blogger.