AAPP မတရားအသင်းအဖြစ် ကြေညာခံရ



Share/Bookmark
AAPP မတရားအသင်းအဖြစ် ကြေညာခံရ AAPP က ပြုစုထားသော ဧပြီလ ၂၆ ရက်နေ့အထိ စစ်ကောင်စီက သတ်ဖြတ်မှုကြောင့် သေဆုံးရသူစာရင်းနဲ့ ဖမ်းဆီးခံရသူများစာရင်း။ Photo: RFA

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ဟာ တရားမဝင်တဲ့အသင်းဖြစ်တယ်လို့ စစ်တပ်ပိုင် မြဝတီသတင်းမှာ မနေ့က ကြေညာခဲ့ပါတယ်။ AAPP က နေ့စဉ်ဖော်ပြနေတဲ့ ဆန္ဒပြသူတွေ ထိခိုက်သေဆုံးမှု စာရင်းတွေဟာ မမှန်ကန်ဘဲ တဖက်သတ်ဖော်ပြနေတာကြောင့် ဆူပူမှုတွေကို လှုံ့ဆော်ရာ ရောက်တယ်။ အဲဒါကြောင့် AAPP အသင်းကို ထိရောက်စွာ အရေးယူသွားမယ်လို့လည်း မြဝတီသတင်းက ကြေညာပါတယ်။ ဒီကြေညာချက်ကို AAPP ဘက်က တုံ့ပြန်တာတော့ လောလောဆယ် မရှိသေးပါဘူး။

AAPP အသင်းဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ စုပေါင်းပြီး ထိုင်း-မြန်မာနယ်စပ်မှာ ၂၀၀၀ခုနှစ်က တည်ထောင်ခဲ့တဲ့ အဖွဲ့ဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီရေး လုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

ဒီအဖွဲ့က မှတ်တမ်းပြု ကောက်ယူနေတဲ့ သတင်းအချက်အလက်တွေကို နိုင်ငံတကာ သတင်းလောကနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ကိုးကားဖော်ပြနေကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/miltiary-coup-aapp-04262021163428.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ