Youtube က စည်းကမ်းချက်တွေမလိုက်နာလို့ မြန်မာစစ်တပ်ရဲ့ရုပ်သံလိုင်းတွေကိုဖယ်ရှား

သတင်း၊ဓာတ်ပုံ- Irish Examiner

ရန်ကုန်၊မတ်လ - ၅ ရက်

YouTube က၎င်းသည်၎င်းရဲ့စည်းမျဉ်းတွေကိုမလိုက်နာတာကြောင့် မြန်မာစစ်တပ်ပိုင် ရုပ်သံလိုင်း ၅ ခုကိုဖယ်ရှားလိုက်တယ်လို့မတ်လ ၅ ရက်ကကြေညာခဲ့တယ်လို့ Irish Examiner သတင်းကဖော်ပြပါတယ်။ဆန္ဒပြသူတွေကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကအကြမ်းဖက်မှုတွေမြင့်တက်နေချိန်မှာ ကြေညာချက်ထွက်ပေါ်ခဲ့တာဖြစ်ပြီး မြန်မာရဲ့နိုင်ငံရေးအကြပ်အတည်းကိုလည်း ကုလလုံခြုံရေးကောင်စီမှာအထူးအစည်းအဝေးပြုလုပ်သွားမယ်လို့လည်း သတင်းကဆိုပါတယ်။

Myawaddy Media, MRTV, WD Online Broadcasting, MWD Variety နဲ့ MWD Myanmar တို့ကိုဖယ်ရှားဖို့ YouTube ရဲ့ဆုံးဖြတ်ချက်ဟာ ဖေ့စ်ဘွတ်ခ်ရဲ့အစောပိုင်းကကြေငြာချက်အရမြန်မာစစ်တပ်နဲ့ချိတ်ဆက်ထားတဲ့စာမျက်နှာတွေအားလုံးကို၎င်းရဲ့ဝက်ဘ်ဆိုဒ်နဲ့ ၎င်းပိုင်ဆိုင်တဲ့ Instagram ဖယ်ရှားခဲ့ပြီးနောက်ပိုင်း အလားတူဆောင်ရွက်တာလို့ဆိုပါတယ်။

အရင်ကလည်းသြဇာလွှမ်းမိုးမှုရှိတဲ့လိုင်းတွေစည်းမျဥ်းချိုးဖောက်တာကို စုံစမ်းဖော်ထုတ်သိရှိခဲ့တာကြောင့် ဖယ်ရှားခဲ့ရတယ်လို့လည်းသိရပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေကအကြမ်းဖက်မှုတွေပိုမိုမြင့်တက်လာတာဟာဖေဖော်ဝါရီလ ၁ ရက်နေ့မှာအာဏာသိမ်းယူခဲ့တဲ့စစ်အစိုးရကိုဖယ်ရှားဖို့ ဆန့်ကျင်ဆန္ဒပြမှုတွေကကမ္ဘာ့အသိုင်းအဝိုင်းကိုဖိအားပေးခဲ့ပါတယ်။

စစ်တပ်အုပ်ချုပ်ရေးကိုဆန့်ကျင်ဆန္ဒပြမှုတွေဟာမြို့ကြီးတွေနဲ့မြို့ငယ်တွေမှာနေ့စဉ်ဖြစ်ပွားနေပြီးလုံခြုံရေးတပ်ဖွဲ့တွေကဒီအပတ်အတွင်းဖြိုခွဲမှုတွေကို ပိုမိုဆိုးရွားစွာပြုလုပ်ခဲ့ပြီးသေစေနိုင်တဲ့အင်အားနဲ့အစုလိုက်အပြုံလိုက်ဖမ်းဆီးမှုတွေကိုလုပ်လာပါတယ်။

ကုလလူ့အခွင့်အရေးရုံးရဲ့အဆိုအရဆန္ဒပြသူအနည်းဆုံး (၁၈) ဦးဟာ ဖေဖော်ဝါရီ ၂၈ ရက်ကသေဆုံးခဲ့ရပြီး မတ်လ ၃ ရက်မှာ လူ ၃၈ ဦးထပ်မံသေဆုံးခဲ့ရတယ်လို့ ကုလလူ့အခွင့်အရေးရုံကဆိုကြေင်း၊ လူ ၁၀၀၀ ကျော်ကိုဖမ်းဆီးခဲ့တယ်လို့လည်းနိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းကပြောကြားခဲ့ပါတယ်။

မတ်လ ၅ ရက်ကနိုင်ငံ၏အကြီးဆုံးမြို့တွေဖြစ်ကြတဲ့ရန်ကုန်၊ မန္တလေးနဲ့အခြားနေရာတွေမှာဆန္ဒပြမှုတွေဆက်လက်ဖြစ်ပွားခဲ့ပြီးရဲတပ်ဖွဲ့နဲ့ထိပ်တိုက်ထပ်မံတွေ့ဆုံခဲ့ကြပါတယ်။

လူမှုကွန်ယက်ပေါ်မှာလည်းတွင်ကျယ်ကျယ်ပြန့်ပြန့်ပျံ့နှံ့ခဲ့တဲ့ ဆန္ဒပြသူတွေကိုပစ်မှတ်ထားတဲ့ရက်စက်ကြမ်းကြုတ်မှုများစွာကိုဓာတ်ပုံတွေနဲ့ဗွီဒီယိုတွေမှာတွေ့ရှိရပါတယ်။

ရန်ကုန်မှာအမှတ် ၇၇ ခြေလျင်တပ်မကတပ်တွေကို အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်းနေရာချထားခဲ့ပါတယ်။

မန္တလေးမှာတော့ အမှတ် ၉၉ ခြေမြန်တပ်မကတပ်တွေကိုတပ်ဖြန့်ချထားခဲ့ပြီး ဒီတပ်မတွေဟာ နိုင်ငံတဝမ်းက လူနည်းစုတိုင်းရင်းသားတွေအပေါ်နယ်မြေရှင်းလင်းရေးတွေမှာနာမည်ဆိုးနဲ့ ကျော်ကြားခဲ့ပါတယ်။

မြန်မာ့အရေးကို ကုလလုံခြုံရေးကောင်စီမှာဆွေးနွေးမှာဖြစ်ပေမယ့်လည်းလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နှစ်ဦးဖြစ်တဲ့တရုတ်နဲ့ရုရှားတို့ကဗီတိုအာဏာသုံးနိုင်တာကြောင့်ကုလသမဂ္ဂရဲ့ ဘယ်လိုညှိနှိုင်းဆောင်ရွက်မှုမျိုးကိုမဆိုလုပ်ဖို့ခက်ခဲလိမ့်မယ်လို့လည်းသတင်းကဆိုပါတယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

Youtube က စည်းကမ်းချက်တွေမလိုက်နာလို့ မြန်မာစစ်တပ်ရဲ့ရုပ်သံလိုင်းတွေကိုဖယ်ရှား Youtube က စည်းကမ်းချက်တွေမလိုက်နာလို့ မြန်မာစစ်တပ်ရဲ့ရုပ်သံလိုင်းတွေကိုဖယ်ရှား Reviewed by THITHTOOLWIN on 21:04 Rating: 5

No comments:

Powered by Blogger.