စစ်ကောင်စီပိုင် မီဒီယာများကို YouTube က ပိတ်ပင်


(၅-၂-၂၀၂၁)

လူ့မှုအသိုင်းဝိုင်းက လက်မခံနိုင်တဲ့၊ အဆင့်အတန်းမရှိတဲ့ သတင်းတွေတင်တာကြောင့် အာဏာသိမ်းစစ်ကောင်စီပိုင် မီဒီယာ ၅ ခုကို ဒီနေ့ စတင်ပိတ်လိုက်တယ်လို့ YouTube ချာနယ်က သတင်းထုတ်ပြန်ပါတယ်။

အဲဒီ ၅ ခုကတော့ Myawaddy Media, MRTV, WD Online Broadcasting, MWD Variety နဲ့ MWD Myanmar တို့ဖြစ်ပါတယ်။ 

“လူမှုအသိုင်းအဝိုင်းကလက်ခံထားတဲ့ စံ community guidelines ကိုချိုးဖောက်နေတဲ့ ချာနယ်တွေကို ကျနော်ရပ်ဆိုင်းပါတယ်။ တင်ထားတဲ့ ဗွီဒီယိုတွေကိုလည်းဖြုတ်ချလိုက်ပါတယ်'' လို့ YouTube ရဲ့ ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။

You Tube ဟာ တင်လာသမျှ ဗွီဒီယိုတွေကို စောင့်ကြည့်လေ့လာနေတာဖြစ်ပြီး ခြိမ်းခြောက်မှုတွေ၊ မုန်းတီးမှုတွေ၊ အကြမ်းဖက်မှုတွေပါတဲ့ ဗီဒီယို ၁၆၀ ကျော်နဲ့ ချာနယ် ၂၀ ကျော်ကို အခုလပိုင်းအတွင်း ဖြုတ်ချခဲ့၊ ရပ်ဆိုင်းခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

YouTube ရဲ့ အခုဆုံးဖြတ်ချက်ဟာ စစ်ကောင်စီနဲ့အစပ်အစပ်ရှိတဲ့ ပို့စ်တွေ အားလုံးကို ဖြုတ်ချမယ်၊ တင်ခွင့်မပေးဘူးဆိုပြိး Facebook ကုပဏီက ကြေညာချက်ထုတ်ပြီးနောက် ဆက်တိုက်ထွက်ပေါ်လာတာဖြစ်ပါတယ်။.   ။


Burma News Network

https://www.facebook.com/burmanewsnetwork

စစ်ကောင်စီပိုင် မီဒီယာများကို YouTube က ပိတ်ပင် စစ်ကောင်စီပိုင် မီဒီယာများကို YouTube က ပိတ်ပင် Reviewed by THITHTOOLWIN on 20:23 Rating: 5

No comments:

Powered by Blogger.