အကြမ်းဖက်နှိပ်ကွပ်မှုကြောင့် သေဆုံးရတဲ့ ကလေးသူငယ် ၂၃ ဦးရှိသွားပြီ ( UNICEF)

ရင်ဘက်ကို သေနတ်ကျည် ထိပြီး သေဆုံးခဲ့ရတဲ့ အသက် ၁၄ နှစ် အရွယ် မောင်ထွန်းထွန်းအောင်ကို အင်္ဂါနေ့မှာ မီးသဂြိ င်္ုဟ်

မြန်မာ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း လုံခြုံရေး တပ်ဖွဲ့တွေ လက်ချက်နဲ့ သေဆုံးရတဲ့ ကလေးငယ် အနည်းဆုံး ၂၃ ဦး ရှိပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးသူငယ် ရန်ပုံငွေ အဖွဲ့ UNICEF က မတ်လ ၂၃ ရက် အင်္ဂါနေ့မှာ ပြောဆိုထားပါတယ်။

"ကလေးသူငယ်များ ရန်ပုံငွေ အဖွဲ့ UNICEF ရဲ့ ဒီကနေ့ ထုတ်ပြန်ချက် အရ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်း အကြမ်းဖက်မှုတွေ အတွင်း သေဆုံးရတဲ့ ကလေးငယ် အနည်းဆုံး ၂၃ ဦး ရှိပြီး ထိခိုက်ဒဏ်ရာရတဲ့ ကလေးငယ်က အနည်းဆုံး ၁၁ ဦး ရှိကြောင်း" ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ တဦး ဖြစ်တဲ့ Farhan Haq က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

ကျည် အစစ် အသုံးပြုတာ အပါအဝင် ကလေးငယ်တွေ အပေါ် ဆက်ပြီး တိုက်ခိုက်မှုတွေ ရှိနေတာကို မြန်မာဆိုင်ရာ ကုလသမဂ္ဂရုံးဘက်က အထူး စိုးရိမ်ကြောင်း ပြောဆိုထားပါတယ်။ ကလေးတွေနဲ့ လူငယ်တွေ ဘေးကင်းစေရေးနဲ့ လုံခြုံရေး တပ်ဖွဲ့တွေ အကြမ်းမဖက်ကြဖို့ ထပ်ပြီး တောင်းဆိုထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ သေဆုံးရသူတွေထဲမှာ မန္တလေးက အသက် ၇ နှစ် အရွယ် မိန်းကလေးငယ် အပါအဝင် ကလေးငယ် ၂၀ ကျော်ရှိကြောင်း ကလေးလူငယ် စောင့်ရှောက်မှု ပေးနေတဲ့ Save the Children နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ကလည်း တနလာင်္နေ့မှာ ပြောဆိုထားတာပါ။ မန္တလေးက အသက် ၇ နှစ် အရွယ် မိန်းကလေးငယ် သေနတ်ကျည်ထိ သေဆုံးခဲ့ရမှုဟာဆိုရင် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း လုံခြံုရေး တပ်ဖွဲ့တွေ လက်ချက်နဲ့ သေဆုံးရသူတွေထဲ အသက် အငယ်ဆုံး ဖြစ်ပါတယ်။ တနလာင်္နေ့မှာလည်း မန္တလေး ဆင်ခြေဖုံး ရပ်ကွက်က အသက် ၁၄ နှစ် အရွယ် ယောကျာ်းလေး တဦး ကျည်ထိ သေဆုံးခဲ့ရပါတယ်။

ရင်ဘက်ကို သေနတ်ကျည် ထိပြီး သေဆုံးခဲ့ရတဲ့ အသက် ၁၄ နှစ် အရွယ် မောင်ထွန်းထွန်းအောင်ကို အင်္ဂါနေ့မှာ မီးသဂြိ င်္ုဟ် ခဲ့ပါတယ်။ မန္တလေး မြရည်နန္ဒာ အိမ်ယာဝန်းမှာ တနလာင်္နေ့က စစ်တပ်နဲ့ ရဲက ရပ်ကွက်တွင်း ဝင်ပြီး သေနတ်နဲ့ ပစ်ခတ်ချိန်မှာ ဆန္ဒပြပွဲတွေ မရှိခဲ့ဘူးလို့လည်း မျက်မြင်တွေ့သူတွေက ပြောပါတယ်။ အာဏာသိမ်း စစ်တပ်ရဲ့ သေနတ်ကျည်ထိ သေဆုံးခဲ့ရသူ မောင်ထွန်းထွန်းအောင်က လာမယ့် ဇူလိုင်လမှာ ၁၅ နှစ် ပြည့်မှာပါ။

ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေ အပေါ် သေကြေတဲ့ အထိ ပစ်မှတ်ထား တိုက်ခိုက်ခံရမှုမှာ ကလေးငယ်တွေ ပါဝင်နေတဲ့ အတွက် တုန်လှုပ်ခြောက်ခြားရကြောင်း၊ ကလေးတွေ အတွက် ဘေးကင်းလုံခြုံတဲ့ နေရာ ဖြစ်ရမယ့် အိမ်မှာ နေရင်း သေဆုံးရတယ်ဆိုတဲ့ ကိစ္စတွေ အပေါ်မှာ အထူးဘဲ စိုးရိမ်ရကြောင်း Save the Children အဖွဲ့က ပြောဆိုပါတယ်။ နေ့စဉ်နီးပါး ကလေးငယ်တွေ သေဆုံးနေရတာကို ကြည့်ရင် လုံခြံုရေး တပ်ဖွဲ့က လူတွေရဲ့ အသက်အန္တရာယ်ကို လုံးဝ အလေးမထားတော့တဲ့ သရုပ် ဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေ လက်ချက်နဲ့ နိုင်ငံတဝန်းမှာ ကလေးငယ် ၂၀ ကျော် သေဆုံးခဲ့ရမှု အပေါ် တုန်လှုပ်ခြောက်ခြား ရသလို၊ အသက် ၁၁ နှစ် အရွယ် မိန်းကလေးငယ် တဦး အပါအဝင် တရားဥပဒေမဲ့ ဖမ်းခံထားရတဲ့ အနည်းဆုံး ကလေးငယ် ၁၇ ဦးရဲ့ ဘေးကင်းလုံခြံုမှုက စိုးရိမ်ဖွယ် ဖြစ်ကြောင်း Save the Children အဖွဲ့က ပြောဆိုထားပါတယ်။


VOA Burmese

https://burmese.voanews.com/a/myanmar-chilren-death-23/5825775.html

အကြမ်းဖက်နှိပ်ကွပ်မှုကြောင့် သေဆုံးရတဲ့ ကလေးသူငယ် ၂၃ ဦးရှိသွားပြီ ( UNICEF) အကြမ်းဖက်နှိပ်ကွပ်မှုကြောင့် သေဆုံးရတဲ့ ကလေးသူငယ် ၂၃ ဦးရှိသွားပြီ ( UNICEF) Reviewed by THITHTOOLWIN on 07:38 Rating: 5

No comments:

Powered by Blogger.