စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေသေဆုံးတဲ့အထိ အင်အားသုံးဖိနှိပ်မှု လက်ခံနိုင်စရာမရှိ (UNFPA)



Share/Bookmark

မြန်မာ့ စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြပွဲတွေ အတွင်း အင်အား အလွန်အကျွံသုံးသုံးပြီး စစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့တွေက နှိမ်နင်းနေတာနဲ့ အတူပဲ ကျားမ ကွဲပြားမှု အပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာ ထိပါး စော်ကားမှုဆိုင်ရာ အစီရင်ခံချက်တွေနဲ့ စိုးရိမ် စရာ ပိုများလာကြောင်း ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူးက တနလာင်္နေ့မှာ ပြောဆိုပါတယ်။

အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို ခြိမ်းခြောက်မှု၊ ထိပါးစော်ကားမှု၊ သေဆုံးဒဏ်ရာ ရစေတဲ့ အထိ အင်အားသုံးမှု၊ အကြမ်းဖက်မှု မှန်သမျှဟာ လက်ခံနိုင်စရာ မရှိဘူးလို့လည်း ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူးက ပြောဆိုထားပါတယ်။

ဆက်ပြီး ဖမ်းဆီး ချုပ်နှောင်မှုဆိုင်ရာ သတင်းတွေ၊ ဖမ်းခံထားရသူတွေရဲ့ အခြေအနေ၊ နောက် ပြည်သူ့ ဆေးရုံတွေကို လုံခြုံရေး တပ်ဖွဲ့တွေ ဝင်ရောက် နေရာယူတဲ့ အခြေအနေတွေကို အထူးဘဲ စိုးရိမ်ကြောင်း UNFPA က ပြောဆိုထားပါတယ်။

မြန်မာ စစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့တွေ အနေနဲ့ နောက်ထပ် အကြမ်းဖက်မှုတွေ မဖြစ်အောင် ချက်ချင်းဘဲ ထိန်းထိန်းသိမ်းသိမ်း ရှိဖို့နဲ့ မြန်မာ အမျိုးသမီးတွေ၊ လူငယ်တွေရဲ့ ကျန်းမာရေးနဲ့ လူ့အခွင့်အရေး၊ အကာအကွယ်ပေးနိုင်ရေးကို ဦးစားပေး ဆောင်ရွက်ဖို့လည်း ကုလသမဂ္ဂ အဖွဲ့ UNFPA က တောင်းဆိုထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-military-coup-kill-women-and-children-/5815740.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ