ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ကိုယ်စားပြုသွားမယ်လို့ UK ဆိုင်ရာ မြန်မာသံအမတ်ကြီးကြေညာ


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ခန့်အပ်ထားတဲ့ သံတမန်တစ်ဦးအနေနဲ့ ဆက်လက်ရပ်တည်သွားမယ်လို့  UK နိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်စွာမင်းက ဒီကနေ့ ကြေညာလိုက်ပါတယ်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Dominic Rabb နဲ့ ဒီကနေ့ ဆွေးနွေးပြီးနောက် အချက် ၈ ချက်ပါတဲ့ ကြေညာချက်ကို ထုတ်ပြန်လိုက်တာပါ။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုကြောင်းလည်း  UK ဆိုင်ရာ မြန်မာသံအမတ်ကြီးရဲ့ ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။

လက်ရှိအကြပ်အတည်းကို တွေ့ဆုံဆွေးနွေးရေးနည်းနဲ့သာ ဖြေရှင်းနိုင်မယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese

ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ကိုယ်စားပြုသွားမယ်လို့ UK ဆိုင်ရာ မြန်မာသံအမတ်ကြီးကြေညာ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ကိုယ်စားပြုသွားမယ်လို့ UK ဆိုင်ရာ မြန်မာသံအမတ်ကြီးကြေညာ Reviewed by THITHTOOLWIN on 00:52 Rating: 5

No comments:

Powered by Blogger.