တစ်လကျော်ကြာ ဖမ်းဆီးခံထားရတဲ့ UEC အဖွဲ့ဝင်တွေ ပြန်လွှတ်



Share/Bookmark
တစ်လကျော်ကြာ ဖမ်းဆီးခံထားရတဲ့ UEC အဖွဲ့ဝင်တွေ ပြန်လွှတ် နေပြည်တော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး အဆောက်အအုံ အဝင်ဝကို တွေ့ရစဉ် / Photo: RFA

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့နဲ့ အဖွဲ့ခွဲက ဖမ်းဆီးခံထားရသူတွေကို ဒီနေ့မနက်က အကုန် ပြန်လွှတ်လိုက်ပြီ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံးက ဖမ်းဆီးခံထားရတဲ့ UEC အဖွဲ့ဝင်တွေအားလုံးကို ပြန်လွတ်ပေးလိုက်တာလို့ စစ်ကိုင်းတိုင်း UEC ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ဦးက RFA ကို အတည်ပြုပြောပါတယ်။

ဖမ်းဆီးထားစဉ်မှာ မဲစာရင်းကိစ္စ စစ်ဆေးတာတွေရှိပေမယ့် ပြန်လွှတ်တဲ့အခါ တစ်စုံတစ်ရာ ဝန်ခံချက် ပေးရတာ လက်မှတ်ထိုးရတာမရှိဘူးလို့ ဆိုပါတယ်။

UEC ကော်မရှင်အဖွဲ့ဝင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ဝန်းကျင်က စတင် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/release-uec-members-03172021042937.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ