လာရှိုးအနီး TNLA လှုပ်ရှားမှု နယ်မြေစိုးမိုးရေး ဆောင်ရွက်တာဖြစ်တယ်လို့ပြော

လာရှိုးအနီး TNLA လှုပ်ရှားမှု နယ်မြေစိုးမိုးရေး ဆောင်ရွက်တာဖြစ်တယ်လို့ပြော ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာမှာ ၂၀၂၁၊ မတ် ၅ ရက်နေ့က တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် / Photo: CJ

လားရှိုးမြို့နဲ့ ခြောက်မိုင်လောက်အကွာမှာရှိတဲ့ မယ်ဟန်ကျေးရွာမှာ TNLA တပ်ဖွဲ့တွေ လှုပ်ရှားတာဟာ ပုံမှန်အတိုင်း နယ်မြေစိုးမိုးရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ကင်းလှည့်ဆောင်ရွက်တာသာဖြစ်တယ်လို့ TNLA ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။ လားရှိုးဟာ TNLA တပ်မဟာ ၆ ထိန်းချုပ်နယ်မြေမှာ ပါဝင်တယ်လို့လည်း ဆိုပါတယ်။

လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာမှာ ဒီမနက် လေးနာရီကနေ ရှစ်နာရီလောက်အထိ တအာင်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ TNLA က စစ်ရေးလှုပ်ရှားမှုတွေရှိခဲ့ပြီး နေ့လယ်ပိုင်းအထိ မယ်ဟန်ရွာက ဈေးဆိုင်တွေ ပိတ်ထားတာကို တွေ့ရပါတယ်။

မနက်ပိုင်း မယ်ဟန်ရွာ လမ်းတစ်ဘက်တစ်ချက်မှာ TNLA တပ်တွေ နေရာယူထားတာကိုတွေ့ရပြီး ဒီလို လူအင်အား အများအပြားနဲ့ ကျေးရွာတွေကို ဝင်ရောက်လာတာ ပထမဦးဆုံး တွေ့ရတာဖြစ်တယ်လို့ မယ်ဟန်ကျေးရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။ ရှစ်နာရီ နောက်ပိုင်းမှာ TNLA တပ်တွေ ပြန်လည်ဆုတ်ခွာသွားတယ်လို့လည်း ဆိုပါတယ်။

တပ်မတော်ဘက်ကတော့ လားရှိုးမြို့အဝင် ကိုဗစ်စစ်ဆေးရေးဂိတ်နဲ့ မယ်ဟန်ကျေးရွာတွေမှာ လုံခြုံရေး ဆောင်ရွက်နေတာကို တွေ့ရပါတယ်။

TNLA တပ်ဖွဲ့ဟာ NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်မရေးထိုးရသေးတဲ့အဖွဲ့ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း ကတော့ တပ်မတော်နဲ့ အပစ်ရပ်သက်တမ်း တစ်လတိုးကြောင်း မြောက်ပိုင်းသုံးဖွဲ့အနေနဲ့ ထုတ်ပြန်ထားတာ ပါ။

ဒီအပေါ်မှာ ရှမ်းမြောက်ဒေသ တအာင်းအရပ်ဖက်အဖွဲ့အစည်း ၁၂ ဖွဲ့က ကန့်ကွက်ကြောင်းနဲ့ လူထုနဲ့ ရပ်တည်သင့်ကြောင်း မတ်လ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ချက် ထုတ်ထားပါတယ်။

TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်းအိုက်ကျော် ကတော့ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ပြောခွင့် မရှိသေးကြောင်း ဗဟိုကော်မတီအစည်းအဝေးကနေသာ ဆုံးဖြတ်နိုင်မှာဖြစ်ကြောင်း တုံ့ပြန်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/tnla-soldiers-near-lashio-03052021035730.html

လာရှိုးအနီး TNLA လှုပ်ရှားမှု နယ်မြေစိုးမိုးရေး ဆောင်ရွက်တာဖြစ်တယ်လို့ပြော  လာရှိုးအနီး TNLA လှုပ်ရှားမှု နယ်မြေစိုးမိုးရေး ဆောင်ရွက်တာဖြစ်တယ်လို့ပြော Reviewed by THITHTOOLWIN on 21:29 Rating: 5

No comments:

Powered by Blogger.