ကလေးမြို့မှာ အသက် ၁၄ နှစ်အရွယ် Salai Mang Lam Tuang ဟာ စက်မှုဇုန်ကနေ Saikhua ရွာ ဘက်ကို ဆိုင်ကယ်မောင်းနေတုန်း အနောက်ကနေ စစ်ကားတစီးက တိုက်ပြီး၊ သေနတ်နဲ့လည်း ပစ်

 Chin World

 

tlStp2onsorredh  ·


မတ်လ ၂၁ ရက်နေ့ ညတွင် ကလေးမြို့မှာ အသက် ၁၄ နှစ်အရွယ် Salai Mang Lam Tuang ဟာ  စက်မှုဇုန်ကနေ Saikhua ရွာ ဘက်ကို ဆိုင်ကယ်မောင်းနေတုန်း အနောက်ကနေ စစ်ကားတစီးက တိုက်ပြီး၊ သေနတ်နဲ့လည်း ပစ်ကာ ဆလိုင်းမာန်လမ်းတွာမ်ကို ချူပ်နှောင်ပြီး စစ်ဆေးရုံကို ခေါ်ဆောင်သွားတယ်လို့ မိသားစုနဲ့ နီးစပ်သူဆီကနေ သိရပါတယ်။

သူ့ကို ဆေးရုံမှာ (၄၅) ရက် နေခိုင်းမှာ ဖြစ်သလို စစ်ကားကို တိုက်တဲ့အတွက် အခုလို လုပ်ရတာဖြစ်တယ်လို့ မိခင်ဖြစ်သူကို စစ်တပ်ဘက်က ပြောကြောင်းလည်း သိရပါတယ်။ လက်ရှိမှာ အရိုးကျိုး၊ လက်ကျိုး ခြေကျိုးနဲ့ အခြေအနေ ဆိုးရွားတယ်လို့လည်း သိရပါတယ်။

စစ်ဆေးရုံက သားအခြေအနေကို ဓာတ်ပုံရိုက်ပေမယ့်၊ စစ်တပ်ဘက်က ပြန်ဖျက်ခိုင်းကာ ဖုန်းလည်း အသိမ်းခံရတယ်လို့လည်း ပြောပါတယ်။

Salai Mang Lam Tuang ဟာ ကလေးမြို့နယ် Saikhua မှာနေထိုင်တဲ့ Pu Thang Khan Lian နဲ့ Pi Kap Zun Tial တို့ရဲ့ သား ဖြစ်ပါတယ်။


Chin World

https://www.facebook.com/Chin-World-167011980026853

ကလေးမြို့မှာ အသက် ၁၄ နှစ်အရွယ် Salai Mang Lam Tuang ဟာ စက်မှုဇုန်ကနေ Saikhua ရွာ ဘက်ကို ဆိုင်ကယ်မောင်းနေတုန်း အနောက်ကနေ စစ်ကားတစီးက တိုက်ပြီး၊ သေနတ်နဲ့လည်း ပစ် ကလေးမြို့မှာ အသက် ၁၄ နှစ်အရွယ် Salai Mang Lam Tuang ဟာ  စက်မှုဇုန်ကနေ Saikhua ရွာ ဘက်ကို ဆိုင်ကယ်မောင်းနေတုန်း အနောက်ကနေ စစ်ကားတစီးက တိုက်ပြီး၊ သေနတ်နဲ့လည်း ပစ် Reviewed by THITHTOOLWIN on 23:15 Rating: 5

No comments:

Powered by Blogger.