ထိန်းသိမ်းခံ Open Society Myanmar ဝန်ထမ်း ချက်ချင်းပြန်လွှတ်ဖို့ George Soros ရဲ့ ပရဟိတအဖွဲ့ တောင်းဆို



Share/Bookmark

အာဏာသိမ်း မြန်မာ စစ်တပ်က ဖမ်းထားတဲ့ Open Society Myanmar က ဝန်ထမ်းကို ချက်ချင်း ပြန်လွှတ်ပေးဖို့ ဘီလျံနာ George Soros တည်ထောင်ထားတဲ့ Open Society Foundations က အင်္ဂါနေ့မှာ တောင်းဆိုလိုက်ပြီး တရားမဝင် ငွေကြေး စီးဆင်းမှုရှိတယ်ဆိုတဲ့ စစ်တပ်ရဲ့ စွပ်စွဲချက်ကိုလည်း ငြင်းဆိုလိုက်ပါတယ်။

Open Society Myanmar အဖွဲ့က ဘဏ္ဍာရေးဆိုင်ရာ မန်နေဂျာ ဒေါ်ဖြူပပသော်ကို မတ်လ ၁၂ ရက်နေ့ ကတည်းက စစ်ဆေးမေးမြန်းနေပြီး Open Society Myanmar က တာဝန်ရှိသူ ၁၁ ဦးကိုလည်း အမြန်ဆုံး ဖမ်းပြီး စစ်ဆေးမေးမြန်းနိုင်အောင် ဆောင်ရွက်နေကြောင်း အာဏာသိမ်း စစ်ကောင်စီက ပြောဆိုထားပါတယ်။ ဒါ့အပြင် Open Society Myanmar ရဲ့ မြန်မာနိုင်ငံတွင်း ပုဂ္ဂလိက ဘဏ် စာရင်းတွေမှာ အပ်နှံထားတဲ့ ဒေါ်လာ ၄ သန်းနီးပါးနဲ့ မြန်မာကျပ်ငွေ သန်း ၄၀၀ တို့ကို စစ်အုပ်ချုပ်ရေး အဖွဲ့က ထိန်းချုပ်ကြောင်း ကြေညာထားပါတယ်။

Open Society Myanmar က ဝန်ထမ်း တဦး ဖမ်းဆီးခံရတယ်ဆိုတဲ့ အပေါ်မှာ အလွန် စိုးရိမ်ကြောင်း၊ နောက်ထပ် ဝန်ထမ်း ၁၁ ဦးကို ဖမ်းဆီး စစ်ဆေးမယ်ဆိုတဲ့ သတင်းကြောင့်လည်း ထိတ်လန့်ရကြောင်း Open Society Foundations က ပြောဆိုထားပါတယ်။

Open Society Myanmar အဖွဲ့က အဖွဲ့ပိုင် ငွေကြေးကို SMID ဘဏ်ကနေ တရားမဝင် ထုတ်ယူတယ်ဆိုတာ အပါအဝင် တရားမဝင် ငွေကြေး စီးဆင်းမှု စွပ်စွဲချက်တွေက မမှန်ဘူးလို့လည်း Open Society Foundations က ပြောဆိုထားပါတယ်။ နောက် Open Society Myanmar က ရန်ပုံငွေကို တရားမဝင် ရည်ရွယ် သုံးစွဲတယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုချက်ကလည်း မမှန်ကြောင်း၊ Open Society Myanmar ရဲ့ ရည်မှန်းချက်တွေနဲ့ အညီသာ ရန်ပုံငွေကို သုံးစွဲတာ ဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။

ဒီလို စွပ်စွဲ ပြောဆိုမှုတွေကြောင့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်လိုသူတွေကို တိုက်ခိုက်ဖို့၊ သိက္ခာကျစေဖို့ ကြံစည်တဲ့ သဘောဆောင်တယ်လို့လည်း Open Society Foundations ကပြောဆိုထားပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/open-society-myanmar-staffs-arrested-/5817147.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ