လှိုင်မြို့နယ် NLD ပါတီဝင်တစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွား

လှိုင်မြို့နယ် NLD ပါတီဝင်တစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွား

ရန်ကုန်တိုင်း လှိုင်မြို့နယ် NLD ပါတီဝင်ဦးပီတာကို မတ်လ ၇ ရက်နေ့ ညပိုင်းက စစ်တပ်နဲ့ ရဲတွေက ဖမ်းဆီးသွားတဲ့ အကြောင်း သူရဲ့သားဖြစ်သူ ပန်းဘဲတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစည်သူမောင်က ပြောပါတယ်။

လှိုင်မြို့နယ်က ဦးပီတာနေအိမ်ကို ဝင်ရောက်ဖျက်ဆီးပြီး သေနတ်တွေ ချိန်ပြီး ဖမ်းခေါ်သွားကြောင်းနဲ့ ဖမ်းဆီးရာမှာ ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ လည်း ပြောပါတယ် ။

ဦးပီတာဟာ ၁၉၉၀ က NLD လှိုင်မြို့နယ် အမတ် ဦးစောမြသိန်း ရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ခဲ့သလို မြို့နယ် လူငယ်တာဝန်ခံလည်း ဖြစ်ခဲ့သူဖြစ်ပြီး ၂၀၀၇ ခုနှစ်က လည်း နိုင်ငံရေးလှုပ်ရှားမှု နဲ့ အကျဥ်းထောင်မှာ ၄ နှစ်တိတိ ထိမ်းသိမ်းခံရဖူးတဲ့ နိုင်ငံရေး အကျဥ်းသားဟောင်းတစ်ဦးလည်းဖြစ်ပါတယ် ။

မတ်လ၆ရက်ညကလည်း စစ်ကောင်စီလုံခြုံရေးတပ်တွေက ဦးစည်သူမောင်ရဲ့ ၂၀၂၀ ရွှေးကောက်ပွဲအောင်နိုင်ရေးမှာ ပါဝင်ဆောင်ရွှက်ခဲ့သူ ပန်းဘဲတန်းမြို့နယ်က NLDအဖွဲ့ဝင် ဦးခင်မောင်လတ် နေအိမ်မှာ လာရောက်ဖမ်းဆီးပြီးနောက်တစ်‌နေ့မှာ သေဆုံးသွား တဲ့အတွက်မတ်လ ၇ ရက်ဒီနေ့ ညနေပိုင်းက ရေဝေး သုသာန်မှာ အစ္စလာမ် ဘာသာထုံးစံ အတိုင်း သင်္ဂြိုဟ်ခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56245583

လှိုင်မြို့နယ် NLD ပါတီဝင်တစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွား လှိုင်မြို့နယ် NLD ပါတီဝင်တစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွား Reviewed by THITHTOOLWIN on 23:43 Rating: 5

No comments:

Powered by Blogger.