ညောင်ရွှေမြို့နယ် မင်္ဂလာရပ်ကွက်မှာရှိတဲ့ NLD အစိုးရ ဟိုတယ်နဲ့ ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်ရဲ့ နေအိမ်နဲ့ အင်းလေးမှာ ရှိတဲ့ lnle Princess Hotel တို့ကို စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေက စစ်ကား ၁၀ စီးကျော်၊ လူအင်အား ၆၀ လောက်နဲ့ ည ၉ နာရီ ကျော်မှာ ဝင်ရောက်စီးနင်းရှာဖွေခဲ့ကြပါတယ်။
နေအိမ်က အိမ်သားတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာ မရှိပေမဲ့ lnle Princess Hotel တာဝန်ခံတွေဖြစ်ကြတဲ့ ကိုမင်းနိုင်စိုးနဲ့ မကြေးမုံတို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။
ဝန်ကြီးရဲ့ နေအိမ် အနီးနားက နေအိမ်စျေးဆိုင်ကိုလည်း ကန်ကျောက်တာ၊ လေးခွတွေနဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ သူတို့က ပြောပါတယ်။
ဝန်ကြီးဦးအုန်းမောင်က လောလောဆယ် နေပြည်တော်မှာ ထိန်းသိမ်းခံထားရပြီး မိသားစုနဲ့ အဆက်အသွယ် မရဘူးလို့ မိသားစုနဲ့ နီးစပ်သူက ဘီဘီစီကို ပြောပါတယ်။
BBC Burmese

No comments:
Post a Comment