MRTV နဲ့ မြဝတီလိုင်းတွေ YouTube ဖယ်ရှား


မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်လက်အောက်က ရုပ်သံသတင်းဌာန ၅ ခုကို Alphabet Inc ကုမ္ပဏီရဲ့ YouTube ပေါ်ကနေ ဖယ်ရှားလိုက်ပါတယ်။"YouTube ကို အသုံးပြုတာနဲ့ပတ်သက်တဲ့ ပြဌာန်းထားချက်တွေ၊ သက်ဆိုင်ရာဥပဒေတွေအရ ဗွီဒီယိုအတော်များများနဲ့ ရုပ်သံလိုင်းတွေကို ဖယ်ရှားခဲ့တာဖြစ်တယ်" လို့ YouTube ပြောခွင့်ရသူက ရိုက်တာသတင်းဌာရဲ့မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။

YouTube ကဖယ်ရှားလိုက်တဲ့ ရုပ်သံလိုင်းတွေထဲမှာ နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားဌာန MRTV အပြင် စစ်တပ်ပိုင် မြဝတီရုပ်သံမီဒီယာ၊ MWD Variety နဲ့ MWD Myanmar တို့လည်းပါဝင်ပါတယ်။

စစ်အုပ်ချုပ်မှုကို ဆန့်ကျင်ဆန္ဒပြသူတွေအပေါ် စစ်တပ်နဲ့ရဲတပ်ဖွဲ့က အင်အားသုံးနှိမ်နှင်းတာကြောင့် မတ်လ ၃ ရက်နေ့က မြန်မာနိုင်ငံတဝန်းမှာ လူ ၃၈ ယောက်ထက်မနည်း သေဆုံးခဲ့ရပြီးတဲ့နောက် YouTube ရဲ့ ဆောင်ရွက်ချက်တွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

ဖေ့ဘုတ်ကလည်း MRTV ကို ဖေဖော်ဝါရီလမှာပိတ်ပစ်ခဲ့သလို မြဝတီရုပ်သံကိုတော့ ၂၀၁၈ ခုနှစ်မှာ စစ်ဘက်အကြီးအကဲ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့ဖေ့ဘုတ်နဲ့တပြိုင်ထဲ ဖြုတ်ချပစ်ခဲ့ပါတယ်။

ဒါဇင်နဲ့ချီတဲ့ အခြား တာဝန်ရှိတွေနဲ့ အဖွဲ့အစည်းတွေရဲ့အကောင့်တွေကိုလည်း ဖေ့ဘုတ်က ပိတ်ခဲ့တာပါ။ မြန်မာစစ်တပ်နဲ့ဆက်စပ်သမ ျှအကောင့်အားလုံးကို ဖေဖော်ဝါရီလကစပြီးဖေ့ဘုတ်က ပိတ်ပစ်နေပါတယ်။

အခြားလူမှုကွန်ယက်ကုမ္ပဏီတွေကလည်း မြန်မာစစ်တပ်ရဲ့ရေးသားဖော်ပြချက်တွေနဲ့ အမုန်းစကားဖြန့်ဝေမှုအပြင် သတင်းတုသတင်းမှားတွေ မပြန့်အောင် ထိန်းချုပ်ဖို့ကြိုးစားနေကြပါတယ်။

စစ်သားနဲ့ရဲတွေက TikTok လူမှုစာမျက်နှာကနေ ဆန္ဒပြသူတွေကို ခြိမ်းခြောက်ပြောဆိုနေတယ်လို့ ရိုက်တာသတင်းက ကြာသပတေးနေ့မှာ ဖော်ပြခဲ့ပါတယ်။ ဖေ့ဘုတ်ကိုသုံးလို့မရတော့တဲ့အခါ အခြားလူမှုကွန်ယက်တွေကိုသုံးဖို့ စစ်ဖက်က ကြိုးပမ်းလာတယ်လို့ သုတေသီတွေက ပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/youtube-removes-five-myanmar-tv-channels/5803252.html

MRTV နဲ့ မြဝတီလိုင်းတွေ YouTube ဖယ်ရှား MRTV နဲ့ မြဝတီလိုင်းတွေ YouTube ဖယ်ရှား Reviewed by THITHTOOLWIN on 00:09 Rating: 5

No comments:

Powered by Blogger.