မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်နှိမ်နင်းမှု ကန်သမ္မတကတော်ဟောင်း Laura Bush ဝေဖန်

မှတ်တမ်းဓါတ်ပုံ ၂၀၁၉ စက်တင်ဘာ ၅ ရက်တုန်းက ကန်သမ္မတကတော်ဟောင်း Laura Bush

မြန်မာနိုင်ငံမှာ လွတ်လပ်မှုအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်နေသူတွေအပေါ် ရက်ရက်စက်စက် အကြမ်းဖက်တဲ့ လုပ်ရပ်တွေနဲ့ အသက်ဆုံးရှုံးမှုတွေအတွက် ခင်ပွန်းဖြစ်သူ သမ္မတဟောင်း Bush နဲ့အတူ ဝမ်းနည်းကြေကွဲရသလို ဒေါသလည်း ထွက်ခဲ့ရကြောင်း အမေရိကန်သမ္မတကတော်ဟောင်း Laura Bush က သောကြာနေ့မှာ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

မကြာခင်နှစ်တွေ အတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီထွန်းကားလာတာကြောင့် လွတ်လပ်ပွင့်လင်းတဲ့ အသိုင်းဝိုင်းထူထောင်နိုင်တော့မယ် ဆိုပြီး မျှော်လင့်နေကြချိန်မှာ မြန်မာစစ်ခေါင်းဆောင်တွေက အရင်လို ကြောက်ရွံ့မှုတွေ၊ ဆင်းရဲတွင်းနက်မှုနဲ့ ဖိနှိပ်မှုတွေ ရှိတဲ့ အသိုင်းဝိုင်းဖြစ်အောင် ပြန်လုပ်နေသလို လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ်ကြတဲ့ ရာနဲ့ချီတဲ့ အပစ်မဲ့ပြည်သူတွေကို ဖမ်းဆီးထောင်ချတာ၊ ရက်ရက်စက်စက် သတ်ဖြတ်တာတွေ ရှိနေတာကို ရှုတ်ချကြောင်းပြောပါတယ်။

လွတ်လပ်မှုလိုချင်တဲ့ မြန်မာပြည်သူတွေ တွန်းးလှန်တိုက်ပွဲဝင်နေတာကို ဒီကနေ့မြင်တွေ့နေရတဲ့အတွက် လွတ်လပ်မှုရှိတဲ့ နိုင်ငံအားလုံးက မြန်မာပြည်သူတွေနဲ့ တသားထည်း ရပ်တည်ရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် ရန်ကုန်နဲ့ တခြားမြို့တွေရဲ့ လမ်းတွေပေါ်ထွက်ပြီး လူ့အခွင့်ရေးချိုးဖေါက်မှုတွေကို ပြောကြားနေတဲ့ မြန်မာပြည်သူတွေနည်းတူ အားလုံးပါဝင် တောင်းဆို ကြရမှာ ဖြစ်ကြောင်းနဲ့ သမ္မတဟောင်း George W Bush နဲ့ သမ္မတကတော်ဟောင်း Laura Bursh တို့က ဒီရဲရဲရင့်ရင့် ကြိုးပမ်းနေသူတွေကို ထောက်ခံကြောင်း ဖေါ်ပြထားပါတယ်။


VOA Burmese News

https://www.facebook.com/VoA.Burmese.News

မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်နှိမ်နင်းမှု ကန်သမ္မတကတော်ဟောင်း Laura Bush ဝေဖန် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်နှိမ်နင်းမှု ကန်သမ္မတကတော်ဟောင်း Laura Bush ဝေဖန် Reviewed by THITHTOOLWIN on 00:45 Rating: 5

No comments:

Powered by Blogger.