မြန်မာစစ်တပ်ရဲ့ စခန်းတစ်ခု KNU သိမ်းပိုက်၊ စစ်တပ်သား ၁၀ ဦးသေဆုံး

မြန်မာစစ်တပ်ရဲ့ စခန်းတစ်ခု KNU သိမ်းပိုက်၊ စစ်တပ်သား ၁၀ ဦးသေဆုံး KNU က ထုတ်ပြန်တဲ့ မြန်မာစစ်ခစန်းတစ်ခုကို သိမ်းပိုက်ခဲ့ပုံ။ Photo - Thoolei News

မတ်လ ၂၇ ရက်ဒီကနေ့မှာ မြန်မာစစ်တပ်ရဲ့ တပ်စခန်းတစ်ခုကို သိမ်းပိုက်လိုက်ကြောင်း ကရင်လွတ်မြောက်ရေး တပ်မတော် KNU/KLNA တပ်မဟာ ၅ က ကြေညာပါတယ်။

မြန်မာစစ်တပ်ရဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ခြေမြန်တပ်ရင်း (၃၉၄) သီးမူထာ အခြေစိုက်စခန်းကို သိမ်းပိုက်လိုက်တာဖြစ်ပြီး မြန်မာစစ်တပ်ဘက်က ဒုတပ်ရင်းမှူးတစ်ဦး အပါအဝင် တပ်သား ၁၀ ဦး ကျဆုံးခဲ့ကြောင်း KNU ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

မြန်မာစစ်တပ်ဘက်က ရှစ်ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီကနေ့ တိုက်ပွဲကြောင့် ဒေသခံ ၅၄ စု ထိုင်းနိုင်ငံ နယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဟာ မြန်မာစစ်တပ်ရဲ့ စစ်အာဏာသိမ်း လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ထားတဲ့ လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုဖြစ်သလို၊ စစ်အာဏာဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာပါဝင်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေကိုလည်း KNU နယ်မြေထဲမှာ ခိုလှုံခွင့်ပေးထားပါတယ်။

ပြည်သူလူထုကို အကာအကွယ်ပေးနိုင်ဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ခုခံတုန့်ပြန်မှုတွေ အရှိန်အဟုန်မြင့် လုပ်ဆောင်သွားမယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ ကရင်လွတ်မြောက်ရေး တပ်မတော် KNU/KLNA ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီကနေ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က ပြောဆိုချက်ကိုသိရှိနိုင်ဖို့ RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။


RFA Burmese

https://www.rfa.org/burmese/news/myanmar-coup-knu-statement-fighting-deaths-03272021075625.html

မြန်မာစစ်တပ်ရဲ့ စခန်းတစ်ခု KNU သိမ်းပိုက်၊ စစ်တပ်သား ၁၀ ဦးသေဆုံး  မြန်မာစစ်တပ်ရဲ့ စခန်းတစ်ခု KNU သိမ်းပိုက်၊ စစ်တပ်သား ၁၀ ဦးသေဆုံး Reviewed by THITHTOOLWIN on 20:44 Rating: 5

No comments:

Powered by Blogger.